
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကိုယ်ရံကြီးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကိုယ်ရံကြီးပင်ကို သိပ္ပံလို Crinum latifolium လို့ခေါ်ပြီး အင်္ဂလိပ်လို Wide Leaved Pink Striped Trumpet Lily (Crinum latifolium), Spider Lily for Crinum asiaticum, English name - Milk and Wine Lily, pink-striped trumpet lily, wide-leaved pink-striped trumpet lily လို့ ခေါ်ကြပါတယ်။
ကိုယ်ရံကြီးပင်မှာ The rhizome of the plant contains Glucans A & B, Alkoloids-zeylamine crinofoline, crinofolidine, tazetine, flexinine, harmenthamine, ambelline, galanthamine. The leaves contain alkaloids Latifine, Cherilline, 3-o-acetalamine, crinomine and crinine စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အဖျားကျစေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ကိုယ်ရံကြီးပင်ရဲ့ အရွက်၊ အမြစ်၊ ဥ၊ အပွင့် တို့ကို သုံးစွဲကြပါတယ်။ အစာအဆိပ်သင့်ခြင်း၊ အဆိပ်အတောက်ဖြစ်စေတဲ့ အစာစားမိခြင်းတို့အတွက် လတ်လတ်ဆတ်ဆတ် အရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို သောက်ပေးခြင်းဖြင့် အော့အန်စေခြင်း၊ ဝမ်းနုတ်ပေးခြင်းဖြင့် အဆိပ်အာနိသင်ကို လျော့ကျစေပါတယ်။
ဖျားနာခြင်းနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းများမှာ ကိုရံကြီးဥအမှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း ထည့်ပြီး တနေ့ ၂ ကြိမ် ရေနွေးပူပူနဲ့ သောက်ပေးနိုင်ပါတယ်။ နာကျင်ရောင်ရမ်းနေတဲ့ အဆစ်တွေမှာ ကိုယ်ရံကြီးရွက်ကို အနည်းငယ် အပူပေးပြီး စည်းနှောင်ပေးထားနိုင်ပါတယ်။
လတ်လတ်ဆတ်ဆတ် အရွက်ကို နားကိုက်ခြင်းနဲ့ နားပြည်ယိုခြင်းများအတွက် အပူနွေးနွေးပေးပြီး တနေ့ ၁-၂ ကြိမ် နားထဲကို အစက်ချပေးနိုင်ပါတယ်။ နှာပိတ်ခြင်း၊ သလိပ်ထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကြပ်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ ကိုယ်ရံကြီးဥ လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး ကော်ဖီ ၂ ဇွန်းခန့်ကို ပျားရည်/ထန်းလျက်နဲ့ ရောနယ်ပြီး တနေ့ ၂ ကြိမ် လျက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
သန်ကောင်/တုတ်ကောင် ရောဂါများအတွက် ဥကို ထုထောင်းပြီး ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။
ဆီးကျိတ်ရောင်ရမ်းခြင်း၊ ကြီးခြင်းအတွက် ဥမှုန့် ကော်ဖီ ၁ ဇွန်းကို တနေ့ ၁-၂ ကြိမ် ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။
အရွက်ရင့်ရင့်ကို နှမ်းဆီ/မုန်ညင်းဆီ သုတ်လိမ်းပြီး အနည်းငယ်အပူပေးကာ အရိုးအဆစ် ရောင်ရမ်းခြင်းများမှာ စည်းနှောင်ပေးထားနိုင်ပါတယ်။
အပြင်လိပ်ခေါင်းရောဂါအတွက် ကိုယ်ရံကြီးဥကို ထုထောင်းပြီး အနည်းငယ် အပူပေး လိမ်းပေးခြင်းဖြင့် နာကျင်မှုနဲ့ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ အရွက်များကို အခြောက်လှန်း၊ မီးရှို့ ပြာချပြီးလည်း လိမ်းပေးနိုင်ပါတယ်။
ဝက်ခြံနဲ့ သွေးစုနာများမှာ အရွက်ကို ထုထောင်းပြီး လိမ်းပေးနိုင်ပါတယ်။ နှင်းခူနဲ့ မှိုရောဂါများမှာ ကိုယ်ရံကြီးရွက် သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။
အရွက်/ဥ ကို ထုထောင်းပြီး နနွင်းမှုန့် အနည်းငယ်ထည့်ကာ နှမ်းဆီ/အုန်းဆီနဲ့ ဆီသတ်ပြီး ဝဲ၊ နှင်းခူနဲ့ အရေပြားယားနာများအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အရွက်သတ္တုရည်ကို သံပရာရည် ရောစပ်ပြီး ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် သန်းနဲ့ ဗောက်ကို ပျောက်စေပါတယ်။
အရွက်ဖျော်ရည်ကို ရှားစောင်းလက်ပတ် ပျော့ဖတ် ဆတူရောစပ်ပြီး အရေပြားပေါ်မှာ လိမ်းကာ ခြင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ကိုယ်ရံကြီးပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အော့အန်ခြင်း၊ မူးဝေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်သူများမှာ အရေပြားနီမြန်းခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ကို ဖြစ်စနိုင်တာကြောင့် ကိုယ်ရံကြီးပင်နဲ့ ဓာတ်မတည့်သူများ သုံးစွဲခြင်း မပြုသင့်ပါ။ ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်များ ကိုယ်ရံကြီးပင် ဆေးဝါးများကို ရှောင်ကြဥ်ပါ။ သွေးကျဲဆေး သောက်သုံးနေရသူများ ကိုယ်ရံကြီးပင် ဆေးဝါးများနဲ့ ရောစပ် မသောက်သုံးသင့်ပါ။
နွေဦးပြည်သူများ ကိုယ်ရံကြီးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










