DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံစေတီ၊ ပုဂံနှင့်မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည်
DVB
·
May 7, 2017
ရွှေတိဂုံစေတီ၊ ပုဂံနှင့်မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည်
Donate to DVB

 

မြန်မာပြည်ရဲ့ အထင်ကရရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့  ရွှေတိဂုံစေတီ၊ ပုဂံယဉ်ကျေးမှုနယ်မြေနဲ့ မြောက်ဦးဒေသကို  ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ လုပ်ဆောင်နေ တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကပြောပါတယ်။

မေ ၆ ရက် မနက်က ပုဂံရှေးဟောင်းသုတေသနပြတိုက်မှာကျင်းပတဲ့  ပုဂံယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ လာမယ့် စက်တင်ဘာလအကုန်မှာ တင်ပြချက်စာတွဲ(၁)မူကြမ်း (Nomination Dossier)ကို တင်သွင်းမှာဖြစ်ပြီး ဇန်နဝါရီမှာ တင်ပြစာတွဲ (Nomination Dossier)နဲ့  စီမံခန့်ခွဲမှု အစီအစဉ်စာတွဲ(၂) (Management Plan) တင်သွင်းရမယ်လို့  သူရဦးအောင်ကိုကပြောပါတယ်။

ဒီလိုတင်သွင်းပြီးတဲ့အခါမှာ  ပုဂံယဉ်ကျေးမှုဒေသကို အထိမ်းအမှတ်အဆောက်အဦးတွေနဲ့ နေရာဒေသများဆိုင်ရာနိုင်ငံတကာကောင်စီ (ICOMOS) က တာဝန်ရှိသူတွေ လာရောက် စစ်ဆေးမှာဖြစ်ပြီး  ဒေသခံလူထု သဘောထားတွေကို မေးမြန်းလိမ့်မယ်လို့ ဆိုပါတယ်။

အလားတူ ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးဒေသကို ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းမှာဖြစ်ပြီး  ရန်ကုန်မြို့ရှိ  ရွှေတိဂုံစေတီတော်ကြီးကိုလည်း UNESCO သို့ ယာယီအမည်စာရင်း တင်သွင်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခြင်းအားဖြင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)နဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ အလှူရှင် နိုင်ငံတွေထံကနေ နည်းပညာနဲ့  ငွေကြေး အကူအညီတွေရရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013