ဒီအာကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၄၃၈ ယောက်အထိ မြင့်တက်လာပြီး ရောဂါကူးစက်သူ ၁,၄၀၆ ယောက်အထိ ရှိလာကြောင်း အစိုးရက အီဘိုလာရောဂါနဲ့ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်ထားပါတယ်။
မေ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် ရောဂါကူးစက်ခံရသူ ၃၁ ဒသမ ၂ ရာခိုင်နှုန်းလောက် သေဆုံးမှုနှုန်း မြင့်တက်လာတာပါ။
ရောဂါဖြစ်ပွားသူတွေအနက် ၁၉၂ ယောက် ပြန်လည်သက်သာလာခဲ့ကာ ရောဂါဖြစ်ပွားသူ ၆၀၉ ယောက်က ကုသမှုတွေ ခံယူနေရဆဲဖြစ်ပါတယ်။
အီဘိုလာရောဂါဟာ အယ်တူရီ၊ ကီဗူးမြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ရဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ ဖြစ်ပွားခဲ့ပြီး စောင့်ကြည့်မှုတွေ၊ ဆေးကုသမှုတွေနဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ဆက်ပြီး ပြုလုပ်နေပါတယ်။
အစိုးရကတော့ ရောဂါတုံ့ပြန်မှုစွမ်းရည် တိုးတက်ဖို့ ယာဉ်တွေနဲ့ အရေးပေါ်ယာဉ်တွေ တိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆေးဝါးနဲ့ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ တိုးမြှင့်မှုတွေနဲ့ ဒေသခံတွေကို စည်းရုံးရေးလုပ်ငန်းတွေ ပြုလုပ်နေတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ကျန်းမာရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခရီးသွားလာမှု၊ ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်း ခက်ခဲမှုနဲ့ ရောဂါကူးစက်သူရဲ့ နောက်ကြောင်းရာဇဝင် အပြည့်အစုံကို စုံစမ်းနိုင်မှု အခက်အခဲတွေကြောင့် လုံခြုံမှုတော့ မရှိသေးဘူးလို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ရောဂါပြန့်ပွားမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဇွန်လအကုန်မှာ သတိပေးထားပါတယ်။
Source: Reuters











