
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ဩဂုတ် ၁၀ ရက် ညက ပြင်းအား ပမာဏ ၇ ဒသမ ၄ ရှိ အင်အားပြင်း မြေငလျင်တခု လှုပ်ခတ်ခဲ့လို့ သေဆုံးသူ အနည်းဆုံး ၁၃၂ ယောက်ရှိလာပြီး အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။
မိသားစုဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက အပျက်အစီးတွေအကြား ပိတ်မိ အသက်ရှင်နေသူပေါင်း များစွာကို ရှာဖွေကယ်ထုတ်နေကြပြီး သေဆုံးဒဏ်ရာရသူတွေ အချိန်နဲ့အမျှ ထပ်တိုးလာနိုင်ပါတယ်။
နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာလီမြို့မှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံ ပြည်သူတွေဟာ ပျက်စီးသွားတဲ့ အဆောက်အအုံ အကြွင်းအကျန်တွေကြားမှာ လိုက်လံရှာဖွေခဲ့ကြပြီး ကွန်ကရစ်တုံးကြီးတွေနဲ့ တခြားအပျက်အစီးတွေကို စေတနာ့ဝန်ထမ်းတွေ စီတန်းကာ တဆင့်ပြီးတဆင့် လက်လွှဲ ဖယ်ရှားခဲ့ကြပါတယ်။
Source: AP/BBC
Photo: Reuters










