DVB Logo
Home
မြန်မာသတင်း
‘ပြည်သူစိတ်ပျက် YBS’ဆိုသည့်စကား ရန်ကုန်တိုင်းအစိုးရလက်မခံ
DVB
·
April 27, 2017
‘ပြည်သူစိတ်ပျက် YBS’ဆိုသည့်စကား ရန်ကုန်တိုင်းအစိုးရလက်မခံ
Donate to DVB

‘ပြည်သူစိတ်ပျက် YBS’ ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့စကားကို ရန်ကုန်တိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့အနေနဲ့ လက်မခံဘူးလို့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။

ကားအဆင့်ဆင့်စီးနေရတဲ့အတွက် ပြည်သူဘက်က အဆင်မပြေဖြစ်နေတဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ‘ပြည်သူ စိတ်ပျက် YBS’ ဆိုပြီး စကားလုံးသုံးနှုန်းမှုတွေ ရှိနေတဲ့ပေါ် ဒီစကားသုံးနှုန်းတာကို တိုင်းအစိုးရက လက်မခံနိုင်တဲ့အကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။

အချိန်တန်ရင် ပြည်သူက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်လို့လည်း ဒေါ်နီလာကျော်က ပြောပါတယ်။

အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ယခုထက် ပိုကောင်းမွန်လာစေရေးနဲ့ ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်း ဆောင်ရွက်ချက်တွေကို အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ဖို့ တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့ပြီး လွှတ်တော်အမတ်တွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦးက အခုလို တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သတင်း - ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013