မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်ရှိရလဒ်ဆိုးတွေကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေကြောင်း နည်းပြ မိုက်ကယ်ကာရစ်က လိဒ်စ်နဲ့ သရေကျပြီးနောက် ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်ဟာ လိဒ်စ်ယူနိုက်တက်နဲ့ တဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ကို အသင်းအတွက် အသစ်ပြန်စခြင်းတခုလို့ သတ်မှတ်တယ်လို့လည်း ဆိုပါတယ်။
မန်ယူဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲ ကစားထားရာမှာ တပွဲပဲ အနိုင်ရပြီး ရမှတ် ၇ မှတ်သာရတဲ့ ရလဒ်ဆိုးကို ကြုံတွေ့နေရတာပါ။
နည်းပြ ကာရစ်ကတော့ အသင်းအပေါ် ဝေဖန်သံတွေကို နားမထောင်ဘဲ အလုပ်ကိုသာ အာရုံစိုက်နေကြောင်း ပြောပါတယ်။











