DVB Logo
Home
မြန်မာသတင်း
၂၄ နာရီအတွင်း အားကောင်းသည့်မုန်တိုင်း မြန်မာကို ဦးတည်နေဟု မိုးဇလ သတင်းထုတ်ပြန်
DVB
·
April 15, 2017
၂၄ နာရီအတွင်း အားကောင်းသည့်မုန်တိုင်း မြန်မာကို ဦးတည်နေဟု မိုးဇလ သတင်းထုတ်ပြန်
Donate to DVB

ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ၂၄ နာရီအတွင်း အားကောင်းတဲ့မုန်တိုင်း ဖြစ်လာတော့မယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မွန်းလွဲ ၁ နာရီအချိန်ထုတ်ပြန်ချက်မှာ အားအောင်းတဲ့မုန်တိုင်းဖြစ်လာပြီး မြန်မာပြည်ဘက်ကို ဦးတည်နေလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

မုန်တိုင်းဟာ လတ်တလော မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင် ၂၄၀ ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင် ဘက် မိုင် ၃၈၀ ခန့်၊ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် ၄၃၅ မိုင်ခန့်နှင့် ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ၂၄ နာရီအတွင်း အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို့ အလားအလာ အလွန်မြင့်မားနေတယ်လို့ သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013