
FIFA ရဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ အသင်းတိုင်းဟာ အနည်းဆုံး အမျိုးသမီး အကြီးတန်း နည်းပြ (သို့မဟုတ်) လက်ထောက်နည်းပြ တယောက် မဖြစ်မနေ ထည့်သွင်းရတော့မှာပါ။
ဒီစည်းမျဉ်းအရ ပွဲစဉ်အတွင်း အရန်ခုံမှာ ထိုင်မဲ့အဖွဲ့ဝင်တွေထဲမှာ အနည်းဆုံး အမျိုးသမီး ၂ ယောက် ပါဝင်ရမှာဖြစ်ပြီး တယောက်က နည်းပြအဖွဲ့ဝင် ဖြစ်ရမှာ ဖြစ်ပါတယ်။
ဒီနှစ်အတွင်း ကျင်းပမဲ့ U-17 နဲ့ U-20 အမျိုးသမီးကမ္ဘာ့ဖလားပွဲတွေကစပြီး ဒီစည်းမျဉ်းကို စတင် ကျင့်သုံးသွားမှာပါ။
လက်ရှိ အမျိုးသမီးဘောလုံးလောကမှာ အမျိုးသမီးနည်းပြအရေအတွက် နည်းပါးနေတာကြောင့် အခုလို စည်းမျဉ်းသစ်နဲ့အတူ နည်းပြလောကမှာ အမျိုးသမီးတွေ ပိုမိုနေရာရလာဖို့ FIFA က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Photo:Reuters










