
တောင်အာဖရိကနိုင်ငံရဲ့ ထိပ်တန်းဥပဒေအကျိုးဆောင်ကုမ္ပဏီလုပ်ငန်း ၄ ခုက ၁၀ စု နှစ်များစွာကြာအောင်ရှိနေတဲ့ လူမျိုးရေးမတရားမှုတွေကို ပယ်ဖျက်ဖို့ ရည်ရွယ်တဲ့ လူမည်းတွေအတွက် အလုပ်အကိုင်နဲ့ ပိုင်ဆိုင်မှု အသစ်တွေအတွက် အစိုးရကို တရားစွဲနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တောင်အာဖရိကမှာ မွေးတဲ့ သူကြွယ်ကြီး အီလွန်မတ်စ်တို့ရဲ့ ဝေဖန်ချက်တွေကြောင့် နိုင်ငံထဲက လူဖြူမဟုတ်တဲ့ အများစုအပေါ် လူဖြူလူနည်းစုက အုပ်ချုပ်မှုရဲ့ အားနည်းချက်တွေကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ အပြုသဘော ဆောင်တဲ့ လုပ်ဆောင်ချက်မူဝါဒတွေကို စစ်ဆေးရာက ဒီအမှု ပေါ်ပေါက်လာတာပါ။
တရားရုံးက အရေးယူမှုရဲ့ အခြေခံက ပစ်မှတ်အသစ်တွေကို ဖျက်သိမ်းဖို့ အစိုးရကို ဖိအားပေးဖို့ ရည်ရွယ်ထားတာပါ။
ခုတော့ လူမည်းရှေ့နေ တချို့နဲ့ ကုမ္ပဏီတွေအကြား ဆက်ဆံရေး တင်းမာနေပါတယ်။ ဥပဒေအကျိုးဆောင်ကုမ္ပဏီ ၄ ခုထဲက ၂ ခုမှာရှိတဲ့ ဝန်ထမ်းဟောင်းတွေက သူတို့အပေါ် ခွဲခြားဆက်ဆံတဲ့ အမှုတွေကို တင်သွင်းခဲ့ပြီး ကုမ္ပဏီတွေက ခုခံကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။ ကုမ္ပဏီတွေက တယောက်ချင်း တရားစွဲဆိုမှုတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
တောင်အာဖရိက ကော်ပိုရိတ်အများစုမှာလိုပဲ အသားအရောင်ခွဲခြားမှု အဆုံးသတ်ပြီး နှစ် ၃၀ အကြာမှာ ဥပဒေပညာရှင်တွေထဲမှာ လူဖြူအများစု ဆက်ရှိနေပါတယ်။
လူဖြူတွေက နိုင်ငံ လူဦးရေရဲ့ ၇ ရာခိုင်နှုန်းလောက်ရှိပြီး ထိပ်တန်းရှေ့နေရုံးတွေမှာ လုပ်ဖော်ကိုင်ဖက် ၇၂ ရာခိုင်နှုန်း ရှိတယ်လို့ စက်မှုလုပ်ငန်းစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ဆိုပါတယ်။
၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ အစိုးရက အောက်ခြေကျယ်ပြန့်တဲ့ လူမည်းစီးပွားရေး လုပ်ပိုင်ခွင့် အာဏာလွှဲပြောင်းရေး (B-BBEE)လို့ခေါ်တဲ့ မူဝါဒတခုအရ ဥပဒေကဏ္ဍအတွက် ကျင့်ထုံးအသစ်တခုကို မိတ်ဆက်ခဲ့ပြီး ၅ နှစ်အတွင်း ကြီးမားတဲ့ ကုမ္ပဏီတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လူမည်းတွေ ပိုင်ဆိုင်ဖို့နဲ့ ၂၅ ရာခိုင်နှုန်းကို လူမည်းအမျိုးသမီးတွေ ပိုင်ဆိုင်ဖို့ ပစ်မှတ်ထားခဲ့ပါတယ်။
ဥပဒေရုံးတွေဖြစ်တဲ့ ဒေနိုက်စ်၊ ဝေဘာဝင်ဇယ်လ်၊ ဝါ့က်စ်မန်းစ်နဲ့ ဘိုးမန်းစ်တို့က တင်သွင်းတဲ့ ကျင့်ထုံးအပေါ် စိန်ခေါ်မှုကို မေ ၄ ရက်မှာ အုပ်ချုပ်ရေးမြို့တော် ပရက်တိုးရီးယားရဲ့ အထက်တရားရုံးမှာ ကြားနာမှာ ဖြစ်ပါတယ်။
Source: Reuters











