DVB Logo
Home
မြန်မာသတင်း
လယ်သမား ၁ ဦး နွားစာခွက်တိုင် ကျင်းတူးရာမှ ရှေးဟောင်းပစ္စည်းများတွေ့ (ရုပ်သံ)
DVB
·
March 28, 2017
လယ်သမား ၁ ဦး နွားစာခွက်တိုင် ကျင်းတူးရာမှ ရှေးဟောင်းပစ္စည်းများတွေ့ (ရုပ်သံ)
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကျီးမနိုးကွင်း(၂)အတွင်းရှိ လယ်သမား ဦးစိန်ဝင်းရဲ့တဲမှာ ရှေးဟောင်းပစ္စည်းလို့ ယူစရတဲ့ ဘုရားဆင်းတုတော်တွေနဲ့ အခြားပစ္စည်းတွေကို မြေကြီး တူးရာကနေ တွေ့ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနက်က ဦးစိန်ဝင်းဟာ သူပိုင်လယ်ထဲမှာ နွားစားခွက်ထားဖို့ တိုင်တွင်း တူရာက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရှေးဟောင်းပစ္စည်းတွေ့ရှိသူဦးစိန်ဝင်းက "ဖေဖော်ဝါရီ ၁၄ ရက်နေ့က နွားစားကျင်းအတွက် တွင်းတူးတာကနေ တွေ့တာပါ။ တွေ့တွေ့ချင်းတော့ ကြောက်လို့ သိမ်းထားတာပေါ့နော်။ အခုမှဌာနဆိုင်ရာကို အပ်မယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်ဌာနဆိုင်ရက လိုအပ်သလို ဆောင်ရွက်ပေါ့နော့။ ကျနော်တို့ကတော့ နိုင်ငံတော်ကို လှူမှာပါ"လို့ပြောပါတယ်။

ပစ္စည်းတွေထဲမှာ အမြင့် ၁ လက်မခွဲခန့်ရှိ ဆင်းထုတော် ၅ဆူ၊ အလေးချိန် ၁ ပိသာလောက်ရှိ တဲ့ ကြေးနွားရုပ် ၁ ခု၊ ခြင်္သေ့ပုံပါကြေးကွမ်းညှပ် ၁ ခု၊  ၁၂၁၄ ခုနှစ်စာတန်းပါဒေါင်းဒင်္ဂါးပြား၁ခု၊ ကျားဝတ်ကျောက်နီပါ ငွေလက်စွပ် ၁ ကွင်း၊ ကျောက်နီပါမဝတ်ငွေလက်စွပ်၁ကွင်း၊ ပုလဲ ၉ လုံး ပါလက်ပတ် ၁ ခုနဲ့ ကိုလိုနီခေတ်သုံးအကြွေစေ့တချို့ပါဝင်ပါတယ်။

မနေ့က သက်ဆိုင်ရာကို အကြောင်းကြားပြီး ဆင်းထုတော်တွေကို နေအိမ်မှာ အနေကဇာ တင်ခဲ့ပါတယ်။ အဆိုပါပစ္စည်းတွေကို ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတော်ကို ပေးအပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013