DVB Logo
Home
မြန်မာသတင်း
မြေပြိုကျမှုကြောင့် ဘားအံမြို့နယ်တွင် အလုပ်သမား ၃ ဦး သေဆုံး
DVB
·
March 23, 2017
မြေပြိုကျမှုကြောင့် ဘားအံမြို့နယ်တွင် အလုပ်သမား ၃ ဦး သေဆုံး
Donate to DVB

 

ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေး ဖားပုကျုံပိုက်ကျေးရွာ သံလွင်မြစ်ကမ်းပါအနီး မြေထိမ်းတာတမံဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြေပြိုကျမှုကြောင့် အလုပ်သမား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့မွန်းလွဲပိုင်းက အလုပ်သမား ၆ ဦးက မြေထိမ်းနံရံအတွက် ဖောင်ဒေးရှင်းတူးဖော်နေစဉ်မှာ အမြင့် ၁၅ ပေလောက်ကနေ မြေသားတွေပြိုကျခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်နေရာကို ရွာသူရွာသားတွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ မာဃလူမူကူညီရေးအသင်း (သံလွင်အနောက်) တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရလူနာတွေကို ဘားအံပြည်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေကတော့ ကိုကျော်ကျော် (၃၉) နှစ်၊ ကိုအောင်စိုးဦး (၃၉) နှစ်နဲ့  ဒေါ်စန်းစန်းအေး (၄၀) နှစ်တို့ ဖြစ်ကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013