DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တိုက်မှုဖြစ်ပွား
DVB
·
March 20, 2017
ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တိုက်မှုဖြစ်ပွား
1 / 3
Donate to DVB

ချင်းတွင်းမြစ်အတွင်း မင်းကင်းမြို့နယ်၊ မောက္ကတော်ရဲစခန်းအပိုင်နယ်မြေအတွင်း မတ်လ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်လောက် မျောတိုင်တွေသယ်ဆောင်ကာ စုံဆင်းလာတဲ့ တလုံးထိုးစက်တပ် သစ်သားခွံမော်တော်နဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ဆန်တက်လာတဲ့ ရွှေပွင့်ဦး ၁ ဖလက်အမျိုးအစား သံခွံ ကုန်တင်ရေယာဉ်တို့ ပွတ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်လို့ မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ဒီဗွီဘီကိုပြောပါတယ်။

ရေယာဉ်ပွတ်တိုက်မှုကြောင့် သစ်သားခွံမော်တော်ဝဲဖက်ပိုင်းမှာ အက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ရေဝင်လို့ ကမ်းစပ်သို့ ကပ်ထားခဲ့ရပါတယ်။ ရေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးစိစစ် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်အတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ၂ အမြန်ရေယာဉ်နစ်အပါအဝင် ယခုဖြစ်စဉ်အထိ မော်တော်အချင်းချင်းတိုက်တာ၊ နစ်မြုပ်တာ၊ မီးလောင်တာ စတဲ့ မတော်တဆမှုဖြစ်စဉ် စုစုပေါင်း ၁၂ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

ရေယာဉ်မတော်တဆမှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ရေယာဉ်အသင်းတွေကို လုပ်ငန်း ယာယီပိတ်သိမ်းတာ၊ စိစစ်ဆောင်ရွက်နေတာပြုလုပ်နေသော်လည်း ရေယာဉ်မတော်တဆမှုတွေ ကတော့ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

အခုလို ရေယာဉ်မတော်တဆမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က မေးခွန်းတွေ ၅ ခုထက်မနည်း မေးမြန်းခဲ့ပြီးလည်း ဖြစ်တယ်လို့ ကနီမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ကျင်းပတဲ့ ဆဌမပုံမှန်အစည်းအဝေး အဌမနေ့မှာလည်း စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီကလည်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတခု လွှတ်တော်သို့ တင်သွင်းခဲ့ပါသေး တယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013