DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေ ပြန်ကျ၊ ကယ်ဆယ်ရေးစခန်းတွင် ရေဘေးဒုက္ခသည် ၇ ထောင်ကျော် ခိုလှုံနေရဆဲ
DVB
·
July 16, 2017
ချင်းတွင်းမြစ်ရေ ပြန်ကျ၊ ကယ်ဆယ်ရေးစခန်းတွင် ရေဘေးဒုက္ခသည် ၇ ထောင်ကျော် ခိုလှုံနေရဆဲ
Donate to DVB

 

စစ်ကိုင်းတိုင်းက ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ ရေကျသွားပေမယ့် ကျန် ၆ မြို့မှာတော့ ရေကြီးနေတုန်းပဲ ဖြစ်သလို ရေဘေးရှောင်စခန်းတွေမှာ လူ ၇ ထောင်ကျော်ရှိနေတုန်းပဲ ဖြစ်ပါတယ်။

တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး ဦးဝီလီဖရန့်က “ရေပြန်ကျသွားတော့ အိမ်တွေကို ရှင်းနေရတယ်လေ။ အဲဒါကြောင့် စခန်းမှာ နေကြတုန်းပဲ။ ဒီနေ့အထိတော့ မြို့ ၆ မြို့ကတော့ ရေကြီးနေတုန်းပဲ။ ဟုမ္မလင်းမှာတော့ ကယ်ဆယ်ရေးစခန်းမှာ လူမရှိတော့ဘူး။ ခန္တီးမှာ ၈၀၀ ကျော် ကျန်သေးတယ်။ အားလုံးပေါင်းရင် လူ ၇ ထောင်ကျော်ရှိမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေကျပြီးသွားရင်တော့ သောက်ရေ သုံးရေကိစ္စတွေအတွက် တခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ချင်းတွင်းမြစ်ရေဟာ မော်လိုက်မြို့မှာ ၅ ပေလောက်၊ မင်းကင်းမြို့မှာ ၄ ပေခွဲလောက်၊ ကလေးဝမြို့မှာ ၄ ပေလောက်၊ မုံရွာမြို့မှာ ၂ ပေလောက်၊ ဖောင်းပြင်မြို့မှာ ၁ ပေလောက်၊ ကနီမြို့မှာ ပေဝက်လောက် စိုးရိမ်ရေမှတ်ထက် မြင့်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးတော့ ဧရာဝတီမြစ်ရေလည်း မြင့်တက်လာနေလို့ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ဟင်္သာတမြို့နယ်နဲ့ ဇလွန်မြို့နယ်တွေက မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုဖို့ လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013