DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် အမြန်ရေယာဉ်တစီးပေါ်မှ ခရီးသည်နှစ်ဦး မြစ်ထဲပြုတ်ကျ ပျောက်ဆုံး
DVB
·
May 17, 2019
မင်းကင်းတွင် အမြန်ရေယာဉ်တစီးပေါ်မှ ခရီးသည်နှစ်ဦး မြစ်ထဲပြုတ်ကျ ပျောက်ဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးမှာ မေ ၁၆ ရက် မနက် ၆ နာရီက အမြန်ရေယာဉ်တစီးပေါ်ကနေ ခရီးသည်နှစ်ဦး ချင်းတွင်းမြစ်ထဲ ပြုတ်ကျ ပျောက်ဆုံးနေပါတယ်။

ခရီးသည်အမျိုးသမီးတဦးဟာ စက်လှေအနောက်ဘက် အိမ်သာသွားရင်း စက်လှေကုန်းပတ် လျှောက်လမ်းကနေ ဟန်ချက်ပျက် ပြုတ်ကျခဲ့တာဖြစ်ပြီး တခြားခရီးသည် အမျိုးသားတဦးက ဆင်းဆယ်ခဲ့ရာကနေ နှစ်ဦးလုံး ရေနစ်မြုပ်သွားခဲ့တာပါ။

ခရီးသည်ပြုတ်ကျခဲ့တဲ့ ရေယာဉ်ကတော့ မင်းသီဟကျော် အမြန်ရေယာဉ်ဖြစ်ပြီး ဟုမ္မလင်းကနေ ထွက်ခဲ့ကာ မင်းကင်းမြို့မှာ ညအိပ်နားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကမှတဆင့် မင်းကင်းမြို့ကနေ မေ ၁၆ ရက် မနက် ၅ နာရီအချိန်က ထွက်ခွာခဲ့ပြီးနောက် မနက် ၆ နာရီလောက်မှာ ခရီးသည် ၂ ဦး ရေထဲပြုတ်ကျခဲ့တာပါ။

အမြန်ရေယာဉ်ပေါ်ကနေ ချင်းတွင်းမြစ်ထဲ ပြုတ်ကျခဲ့တဲ့ ခရီးသည်နှစ်ဦးဟာ လေရှီးမြို့ ရေတောင်ရပ်နေ မလောယဲ့မိုင်းနဲ့ ချစ်​မျိုး နေရပ်စုံစမ်းဆဲတို့ ဖြစ်ပါတယ်။

ရေနစ်မြုပ်ခဲ့သူ နှစ်ဦးကိုတော့ မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်နေပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013