
အမေရိကန်စစ်တပ်ဟာ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းမှာ ရေပြင် မူးယစ်ဆေးမှောင်ခိုလုပ်ငန်းအတွက် ရေပေါ် ဆီဖြည့်စခန်းအဖြစ် အသုံးပြုနေတဲ့ သင်္ဘောတစင်းကို ဖျက်ဆီးလိုက်တဲ့ ဗီဒီယိုမှတ်တမ်းကို ဩဂုတ် ၂၈ ရက်က ထုတ်ပြန်ပါတယ်။
အဲဒီသင်္ဘောဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရပြီး တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေမှာ အီကွေဒေါနိုင်ငံရဲ့ အင်အားအကောင်းဆုံး ရာဇဝတ်ဂိုဏ်း တခုဖြစ်တဲ့ လော့စ်ချိုနဲရိုးစ်ဂိုဏ်းရဲ့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေကို ကူညီပေးနေတာလို့ အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
USS ဆန်အန်တိုနီယို စစ်သင်္ဘောပေါ်ပါလာတဲ့ အမေရိကန် ရေတပ်စစ်သည်တွေဟာ အဲဒီ သင်္ဘောပေါ်တက်ပြီး ပြဿနာ တစုံတရာမရှိဘဲ ရှင်းလင်းရေးလုပ်ခဲ့ကြသလို သင်္ဘောပေါ်ပါသူတွေ ကိုလည်း အီကွေဒေါဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန်တပ်ဖွဲ့တွေက အဲဒီသင်္ဘောကို နှစ်မြှုပ်ပစ်ခဲ့ပါတယ်။
Source:Reuters











