
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယာယီနည်းပြ မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ အကြမ်းဖျင်း သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
အခုလက်ရှိမှာ အသင်းနဲ့ ကာရစ်တို့ကြား စာချုပ်အသေးစိတ်ကို ဆွေးနွေးနေကြပြီး တနင်္ဂနွေနေ့မှာ ကစားရမဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမတိုင်ခင် တရားဝင် ကြေညာဖွယ်ရှိတယ်လို့ Sky Sports သတင်းမှာ ဖော်ပြပါတယ်။
ယာယီနည်းပြအဖြစ် ၁၅ ပွဲ ကိုင်တွယ်ရာမှာ ၁၀ ပွဲအနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရယူပေးနိုင်ခဲ့တဲ့ ကာရစ်ရဲ့ စွမ်းဆောင်ရည်ကို အသင်းတာဝန်ရှိသူတွေက သဘောကျနေတာပါ။
သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ရဲ့အနာဂတ်ကို မကြာခင် အဆုံးအဖြတ်ပေးတော့မှာ ဖြစ်ပြီး ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် တနင်္ဂနွေနေ့ ပွဲအပြီးမှာ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောကြားသွားမယ်လို့ ကာရစ်က ဆိုပါတယ်။











