DVB Logo
Home
မြန်မာသတင်း
တော်လှန်လူငယ် အဆိုတော် Brody Indihood ၏ ချင်းမိုင်ဖျော်ဖြေပွဲ (ဓာတ်ပုံ)
DVB
·
July 9, 2026
တော်လှန်လူငယ် အဆိုတော် Brody Indihood ၏ ချင်းမိုင်ဖျော်ဖြေပွဲ (ဓာတ်ပုံ)
1 / 15
Photo: DVB
Donate to DVB

တော်လှန်ရေးထဲမှာ ပါဝင်ခဲ့သူ လူငယ်တယောက်ဖြစ်တဲ့ Brody Indihood ဟာ သူဝါသနာပါရာ ဂီတတွေကို ဖန်တီးပြီး သူ့ရဲ့သီချင်းတွေကို ပရိသတ်တွေဆီ မျှဝေဖို့ “IndiHood Melancholy” ဆိုတဲ့ listening party တခုကို ဇူလိုင် ၅ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

Brody Indihood တယောက် သူ့ရဲ့ listening party ကို အခမဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး သီချင်း ၁၂ ပုဒ်ကို Live ဖျော်ဖြေ တင်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ဒီဖျော်ဖြေပွဲမှာ ဧည့်သည်အဆိုတော်တွေဖြစ်တဲ့ Born in Burma Band က ဆမ်၊ ဂါ၊ ဝီရမိုးနေနဲ့ ဇိုဝီတို့က ပါဝင်ဖျော်ဖြေပေးခဲ့ကြပါတယ်။

Brody Indihood က သူ ဖျော်ဖြေခဲ့တဲ့ ဒီပွဲနဲ့ပတ်သက်ပြီး “သီချင်းတိုင်းက ကျနော့်ဘဝတွေ၊ ပြီးတော့ ကျနော့်လို လူငယ်တွေ၊ ကျနော့်လိုကောင်တွေအတွက် ဘဝတွေ ကျနော် အဲလို ရည်ရွယ်ပြီးတော့ ကျနော် ထုတ်တယ်။ အဲဒီလိုထုတ်တဲ့အခါမှာလည်း ကျနော့်မှာဗျာ ဘယ်လိုကြီး လုပ်ရမယ်ဆိုပြီး လုပ်တာမျိုးထက်လေ၊ အဲဒီလို ကျနော် ခံစားရတဲ့ပုံစံကို အဲဒီလို ပေးဖြစ်တယ်ပေါ့ဗျာ။ အဲဒီလိုပေးဖြစ်တော့ အဲဒီလို ရင်ဘတ်ချင်းတူတဲ့ကောင်တွေ စုမိတယ်လို့ ထင်ပါတယ်ဗျ” လို့ ပြောပါတယ်။

Brody Indihood တယောက် တော်လှန်ရေးထဲမှာ ပါဝင်နေရင်း သူချစ်တဲ့ ဂီတတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်သွားမှာမို့ ဂီတတွေ ဆက်လက်ဖန်တီးနေပြီး မကြာခင်မှာ သီချင်းအယ်လ်ဘမ်တခု ထွက်ရှိနိုင်ဖို့ကိုလည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

Brody Indihood က “ကျနော်တို့ ဒီမှာ Indie Artist တွေ ရှိတယ်ဗျ၊ ချင်းမိုင်တခွင်မှာပေါ့နော်။ အဲဒီလိုဆိုတော့ ကျနော် အဲဒီ Artist တွေနဲ့ Collab လုပ်ပြီးတော့ အယ်လ်ဘမ် Project အတွက်ကို ကျနော် run ဖို့ ပြင်နေတယ်။ ကျနော်ကတော့ ဒီမှာ ကျနော်တို့ Market တခုဖြစ်အောင် လုပ်မယ်လို့ ကျနော် တွေးထားတယ်ဗျ။ အဲ ကျနော်တို့ ချပြမယ်၊ ကျနော်တို့တတ်နိုင်တဲ့ အနုပညာတွေကို ချပြမယ်၊ ရင်ဘတ်ချင်းတူတဲ့ လူတွေနဲ့ ဆုံမယ်” လို့ ပြောပါတယ်။

Brody Indihood ရဲ့ “IndiHood Melancholy” ဆိုတဲ့ ဒီဖျော်ဖြေပွဲကို လာရောက် နားမထောင်ဖြစ်တဲ့ ပရိသတ်တွေအနေနဲ့ ပြည်ပရောက် မြန်မာအနုပညာသမားတွေ အနုပညာအလုပ်တွေ ဆက်လုပ်နိုင်ဖို့ ကူညီပေးနေတဲ့ Artists' Shelter ရဲ့ 24FM Website မှာ Ticket စနစ်နဲ့ ဝယ်ယူပြီး ပြန်လည်ကြည့်ရှုနားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013