DVB Logo
Home
မြန်မာသတင်း
မီတာခတိုးကောက်မည်ဟု ဝန်ကြီးချုပ်က မပြောခဲ့ကြောင်း လျှပ်စစ်ဝန်ကြီးဒေါ်နီလာကျော် ရှင်းလင်း
DVB
·
March 3, 2017
မီတာခတိုးကောက်မည်ဟု ဝန်ကြီးချုပ်က မပြောခဲ့ကြောင်း လျှပ်စစ်ဝန်ကြီးဒေါ်နီလာကျော် ရှင်းလင်း
Donate to DVB
  ရန်ကုန်မှာ မီတာခ ၃ဆ တိုးမြှင့်ကောက်ခံမယ်ဆိုတာ  ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်က ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဒေါ်နီလာကျော်က ပြောပါတယ်။ ဒီကနေ့ မတ်လ ၃ ရက် ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ  ဒေါ်နီလာကျော်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ “မီတာခကို သုံးဆတက်မယ် ဆိုတာကို ဘယ်သူကနေ ဘယ်လိုတွေ ဖြစ်ပြီးတော့ မနေ့က တညလုံးလည်း အဲဒီကိစ္စကိုပဲ ဖြေရှင်းနေရပါတယ်။ ဒါကတော့ လျှပ်စစ်သမားတွေအားလုံး အသိပါ။ မီတာခ တိုးတက်ကောက်ယူမယ်ဆိုရင်လည်း ကိုယ် စိတ်ထင်တိုင်း တိုးတက်ကောက်ယူလို့ မရပါဘူး။ နည်းလမ်းပေါင်းစုံနဲ့ အချက်အလက်ပေါင်းစုံ တွက်ချက်ပြီးတော့ အဖြေရှာနေရတာ ဖြစ်ပါတယ်။ ခိုင်လုံတဲ့ အကြောင်းအချက်တွေ ရှိရမယ်၊ ကိန်းဂဏန်းတွေ ရှိရမယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ စနစ်တကျ တွက်ချက်ထားတာ ဖြစ်ရမယ်။ ဒီလို တွက်ချက်နေတဲ့ အနေအထားမှာ ဒီလိုမျိုး လွယ်လွယ်ကူကူ ဝန်ကြီးချုပ် ပြောစကားထဲမှာလည်း မပါခဲ့ပါဘူး။ ဒီသုံးဆ ဆိုတာကို မီတာခ သုံးဆ တက်မယ်ဆိုတဲ့ မမှန်တဲ့ သတင်းတခု တက်သွားပါတယ်" လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ အရှုံးပေါ်နေတဲ့အတွက် ရန်ကုန်မှာ မီတာခ ၃ ဆလောက်  တိုးမြှင့်ကောက်ခံမယ်လို့ မနေ့က ရန်ကုန်လွှတ်တော်ဆောင်မှာလုပ်ခဲ့တဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ  ၀န်ကြီးချုပ်က ပြောခဲ့တာလို့  ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက မီဒီယာတွေကို ပြောကြားထားတာဖြစ်ပါတယ်။

“မီတာခတွေ တိုးမယ်ဗျ။ လျှပ်စစ်မီတာခတွေက အရှုံးပေါ်နေတယ်။ ရန်ကုန်တိုင်းက မြန်မာပြည်ရဲ့ တ၀က်လောက်ကို မီး သုံးနေတဲ့အတွက် အဲ့ဒါကို လက်ရှိ နှုန်းထားရှဲု ၃ဆ လောက် ဆက်ပြီး တိုးမယ် ဆိုတဲ့အကြောင်း၊ အဲ့ဒါကို ပြည်သူတွေ နားလည်အောင် လွှတ်တော်ကိုယ်စားလှယ်များကလည်း ရှင်းပြ ပေးစေလိုကြောင်းပေါ့၊ အဲ့ဒါလေးတွေပါ” မီးမှန်မှန်မရနိုင်သေးဘဲ မီတာခတိုးကောက်မှာကို ပြည်သူတွေထံ ရှင်းပြဖို့က အခက်အခဲ တွေ့နိုင်တယ်လို့လည်း သူက ပြောပါတယ်။

သတင်း - သူဇာလင်း
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013