DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုစစ်ရှောင်စခန်း၌ လူ ၃၀ ကျော် သေဆုံးပြီး အီဘိုလာကူးစက်မှု စိုးရိမ်နေရ
DVB
·
June 21, 2026
Photo:  REUTERS/Gradel Muyisa Mumbere
Photo: REUTERS/Gradel Muyisa Mumbere
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အီဘိုလာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ရာ ဗဟိုချက်ဖြစ်တဲ့ ဘူနီယာမြို့က ကီဂွန်ဇီ စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ မေလဆန်းကစပြီး အနည်းဆုံး လူအယောက်  ၃၀ လောက် သေဆုံးခဲ့ပါတယ်။

ဒီလိုသေဆုံးမှုနှုန်းမျိုးဟာ တခါမှ မရှိဖူးသေးဘူးလို့ စခန်းတာဝန်ရှိသူတွေက ပြောကြားလိုက်ပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုတွေက မြန်မြန်ပြန့်ပွားနေပြီလားဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

သေဆုံးသွားသူတွေ အားလုံးမှာ အီဘိုလာ ရောဂါလက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ ဖျားတာနဲ့ အန်တာတွေ ဖြစ်ပွားခဲ့တယ်လို့ စခန်းပြောရေးဆိုခွင့်ရှိသူ၊ သားသမီး ဆုံးရှုံးလိုက်ရတဲ့ ဖခင်တစ်ဦး၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အခုတပတ်ထဲတင် လူ ၁၀ ယောက်ကို သင်္ဂြိုဟ်ခဲ့ရတယ်လို့ စခန်းဥက္ကဋ္ဌက ဆိုပါတယ်။ ဒါပေမဲ့ ဇွန် ၁၈ ရက်အထိ စခန်းက လူနာတွေနဲ့ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေက ဆေးစစ်ချက်ခံယူဖို့ ငြင်းဆန်ခဲ့ကြတာကြောင့် သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို အတည်မပြုနိုင်သေးပါဘူး။ 

အခုတော့ ကျန်းမာရေးဝန်ထမ်းတွေဟာ သေဆုံးသူ ၅ ယောက်ဆီကနေ ဓာတ်ခွဲနမူနာတွေ ယူနိုင်ခဲ့ပြီဖြစ်လို့ အဖြေကို စောင့်ဆိုင်းနေကြပါတယ်။ 

ကီဂွန်ဇီစခန်းမှာ လူဦးရေ ၁၅,၀၀၀ ကျော် နေထိုင်ပြီး အိမ်ထောင်စုကြီးတွေဟာ တစ်မီတာတောင် မကွာတဲ့ ပလတ်စတစ်တဲတွေထဲမှာ စုပြုံနေထိုင်နေကြရတာပါ။

ကလေးတွေကလည်း မြေသားလမ်းတွေပေါ်မှာ ခြေဗလာနဲ့ သွားလာနေကြပါတယ်။ စခန်းမှာ အိမ်သာတွေ မလောက်ငတဲ့အပြင် မကြာခဏလည်း လျှံထွက်နေတတ်ပါတယ်။ 

ကွန်ဂိုအရှေ့ပိုင်းမှာ စစ်ဘေးရှောင် ၅ သန်းကျော်ရှိနေပြီး သန့်ရှင်းရေးနဲ့ မိလ္လာစနစ် အလွန်အားနည်းနေချိန်မှာ အခုလို ဆေးစစ်ဖို့ ငြင်းဆန်မှုတွေပါ ရှိနေတာကြောင့် အီဘိုလာရောဂါဟာ လူမသိသူမသိ ကူးစက်ပြန့်ပွားနေမှာကို စိုးရိမ်နေကြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာ USAID လို အဖွဲ့အစည်းတွေကနေ ရေ၊ မိလ္လာနဲ့ သန့်ရှင်းရေးကဏ္ဍတွေအတွက် ရန်ပုံငွေတွေ ဖြတ်တောက်ခဲ့တာကြောင့် အခုလို ဗိုင်းရပ်စ်ရောဂါတွေကို တိုက်ဖျက်ဖို့ ပိုခက်ခဲသွားတာလို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ထောက်ပြပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ကွန်ဂိုနိုင်ငံရဲ့ မိလ္လာစနစ် ရန်ပုံငွေဟာ ၂၀၂၄ နဲ့ ၂၀၂၅ ကြားမှာ တစ်ဝက်မက လျော့ကျသွားခဲ့ပြီး၊ ဒီနှစ်အတွက် လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ မှာလည်း ၂၁ ရာခိုင်နှုန်းသာ ရရှိထားပါသေးတယ်။

လက်ရှိမှာ ကွန်ဂိုနိုင်ငံ၊ အီတူရီပြည်နယ်က တခြားစစ်ဘေးရှောင်စခန်းတခုမှာလည်း အီဘိုလာကြောင့် သေဆုံးမှုတွေ ရှိထားပြီး အတည်ပြုလူနာ ၉၀၀ နီးပါးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဒီပြည်နယ်မှာပဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013