
နှစ် ၇၀ ပြည့်ပြည်ထောင်စုနေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သုံးဆင့်အနီး ပြည်ထောင် စုကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝင်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းအဆင့်အကြီးအကဲတွေနဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပြီး ဝန်းကြီးချုပ်မန်းဂျော်နီက နိုင်ငံတော်သမ္မတဦးထင်ကျော်ပေးပို့တဲ့ ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ်နေနဲ့ ပြခန်းတွေကိုလည်း ဖွင့်လှစ်ပြသထားပြီး ကျောင်းသားကျောင်းသူတွေ လာရောက်လေ့လာ ကြည့်ရှုနေကြပါတယ်။
သတင်းဓာတ်ပုံ - သော်ဇင်မျိုး











