DVB Logo
Home
မြန်မာသတင်း
၇၉ ကြိမ်မြောက် ဆရာ​တော်​ဦးဥတ္တမ အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ
DVB
·
September 9, 2018
၇၉ ကြိမ်မြောက် ဆရာ​တော်​ဦးဥတ္တမ အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ
1 / 6
Donate to DVB

စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ ကြိမ်မြောက် အာဇာနည် အရှင် ဦးဥတ္တမ အထိမ်း အမှတ်နေ့ကို ရခိုင်ပြည်နယ် မြို့နယ်နဲ့ကျေးရွာတွေမှာ ဒီက​နေ့ ကျင်းပကြပါတယ်​။

ဒါ့အပြင့် ဒီအခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတောင်ဖက်မုခ် ဥတ္တမပန်းခြံမှာလည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူးပြီး ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ဦးညီပု ဌာနဆိုင်​ရာတာဝန်​ရှိသူ​တွေ၊ နိုင်​ငံ​ရေးပါတီ​တွေ၊ လူမှုအဖွဲ့အစည်း​တွေ၊ ​ကျောင်းသူ​ကျောင်းသား​တွေလည်း စစ်​​တွေ ဦးဥတ္တမပန်းခြံ ဆရာ​တော် ​ဦးဥတ္တမရုပ်​တု​ရှေ့ မှာ လာ​ရောက်​ပန်း​ခွေချခဲ့ကြပါတယ်​။

ဆရာ​တော်​ဦးဥတ္တမဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်ပြီး မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ဖို့ မျိုးချစ်စိတ်ဓာတ် စတင်မွေးဖွားပေးခဲ့သူလည်း ဖြစ်ပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောပြောခဲ့မှုကြောင့် အကြိမ်ကြိမ်ထောင်ဒဏ် ချမှတ်ခဲ့ရသူလည်း ဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေက ဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၉ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိပါတယ်။

ဆရာတော်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံတွင်းမှာသာမက အိန္ဒိယနိုင်ငံမှာပါ အိန္ဒိယ ကွန်ကရက်အဖွဲ့ကြီးနဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါတယ်။ ဆရာတော်ဟာ ၁၉၃၉ ခုနှစ်မှာ ပျံလွန်ခဲ့တာဖြစ်ပါတယ်။

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013