DVB Logo
Home
မြန်မာသတင်း
သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနား ကျင်းပ
DVB
·
March 30, 2019
သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနား ကျင်းပ
Donate to DVB

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို မတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ Dolphin ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အဟ်မဒီယာ မွတ်စလင်အဖွဲ့က ကြီးမှူးကျင်းပတာဖြစ်ပြီး ဘာသာတရားရဲ့ အဆုံးအမကို နာယူကျင့်သုံးပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးအမှန်တကယ်တည်တံ့စေဖို့၊ ဘာသာတရားတိုင်းရဲ့ သွန်သင်ချက်အဆုံးအမကို ထဲထဲဝင်ဝင် သိစေခြင်းဖြင့် ဘာသာဝင်နောက်လိုက်များအကြား အပြန်အလှန်လေးစားမှု ပေါက်ဖွားစေဖို့နဲ့ ဘာသာ အယူဝါဒ ခွဲခြားခြင်းမပြုဘဲ လူသားအားလုံးအပေါ် အမှန်တကယ် ကိုယ်ချင်းစာတရားထားရှိစေဖို့ ရည်ရွယ်ကျင်းပတာလို့ ဦးဇေယျာမိုး (သာနာပြု) က ပြောပါတယ်။

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်လို့ ဒါဟာ ၄ ကြိမ်မြောက် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၁၂ နိုင်ငံမှာလည်း  မတ်လ ၃၀ ရက်နေ့မှာ တပြိုင်တည်း ကျင်းပနေတာပါ။

မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ ဘာသာပေါင်းစုံက ဘာသာဝင်အချင်းချင်း တယောက်ရဲ့ ဘာသာယုံကြည်ချက်ကို တယောက်က အပြန်အလှန်လေးစားမှုရှိဖို့နဲ့ အတူတကွ အေးချမ်းစွာနေထိုင်ကြဖို့၊ နိုင်ငံအတွင်းမှာ ဘာသာရေးပဋိပက္ခတွေမပေါ်ပေါက်စေဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ဘာသာပေါင်းစုံ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး ဥက္ကဋ္ဌ ဦးသောင်းထိုက်က တိုက်တွန်းထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး (ဗဟို) ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ YMCA အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဦးသာဉာဏ်၊ မြန်မာနိုင်ငံ ဟိန္ဒူဓမ္မသင်ကြားပို့ချရေးအဖွဲ့ (ဗဟို) ဆရာဦးဆန်းမင်းနိုင်နဲ့ ဗုဒ္ဓဘာသာဝင်ဘက်မှ ဝနဝါသီတောရကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒသုမနကနဲ့ ဘာသာပေါင်းစုံမှ ပရိသတ်တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013