DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ အခမ်းအနား ရန်ကုန်သူနာပြုတက္ကသိုလ်တွင် ကျင်းပ
DVB
·
October 13, 2018
ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ အခမ်းအနား ရန်ကုန်သူနာပြုတက္ကသိုလ်တွင် ကျင်းပ
Donate to DVB

ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

အဆစ်ရောင်ရောဂါ ဖြစ်ပွားနေတဲ့ လူနာတွေအနေနဲ့ အဆစ်ရောင် လေးဖက်နာရောဂါအကြောင်းကို သိရှိပြီး ကျန်မားရေးဗဟုသုတွေ ရရှိဖို့အတွက်ကို ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ကို မြန်မာနိုင်ငံမှာ ကျင်းပတာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်တွေအရ လူ ၅ ယောက်မှာ တယောက်ဟာ အရိုးအကြော အဆစ်ရောဂါဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။

ဒ်ီရောဂါဝေဒနာကြောင့် မသန်စွမ်းမှုအခြေအနေတွေကို ဖြစ်ပေါ်လာတာဟာလည်း ကမ္ဘာမှာဒုတိယအကြီးမားဆုံး ပြဿနာတရပ်အနေနဲ့ ရှိနေတာပါ။

မြန်မာနိုငံမှာတော့ အရိုးအဆစ်ရောဂါတွေထဲမှာ သွေးလေးဖက်နာ၊ အရိုးကျီးပေါင်းတက်ရောဂါ၊ ခါးနာရောဂါ၊ အရိုးပွရောဂါနဲ့ ခြေလက်ထိခိုက်ဒဏ်ရာ ရရှိမှုရောဂါတွေဟာ အများဆုံးဖြစ်ပွားနေတာပါ။

ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ အခမ်းအနားကိုတော့ ကျန်မားရေးနှင့်အားကစား ၀န်ကြီးဌာနမှ အမြဲတွင်းအတွင်းဝန်၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆေးပညာရှင်တွေနဲ့ အရိုး၊ အကြောအဆစ် ဆေးပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း၊ဓာတ်ပုံ-ဆုဆုသွယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013