လီဗာပူးအသင်း ခေါင်းဆောင် ဗန်ဒိုက်က မန်စီးတီးအသင်းဆီ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အသင်းဖော် ကိုဒီဂက်ပိုကို အသင်းမှာပဲ ဆက်ရှိနေဖို့ တိုက်တွန်းလိုက်ပါတယ်။
ဗန်ဒိုက်က ဂက်ပိုဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်သလို မိမိရဲ့ သူငယ်ချင်းလည်း ဖြစ်တာကြောင့် အသင်းမှာပဲ ဆက်ရှိစေချင်ကြောင်း ဆိုပါတယ်။ လီဗာပူးအသင်းကတော့ အစားထိုး တောင်ပံကစားသမား ရရှိမှသာ ဂက်ပိုကို ရောင်းထုတ်မှာပါ။
ဒါ့အပြင် လီဗာပူးအသင်းဆီ ပေါင် ၁၂၃ သန်းနဲ့ ပြောင်းရွှေ့လာဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီ တောင်ပံတိုက်စစ်မှူး ဘာကိုလာကိုလည်း ကြိုဆိုကြောင်း ဗန်ဒိုက်က ပြောပါတယ်။
ဗန်ဒိုက်က အသင်းရဲ့ ရာသီစ ကစားပုံအပေါ် မကျေနပ်ဘဲ ကစားသမားတွေနဲ့ ပရိသတ်တွေ စုစည်းပြီး ပွဲတွေကို ပိုမို ထိန်းချုပ်ကစားဖို့ လိုအပ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။











