DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့မှ နေပြည်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ တားဆီးခံရ
DVB
·
February 11, 2017
ပဲခူးမြို့မှ နေပြည်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ တားဆီးခံရ
1 / 4
Donate to DVB

လက်ရှိ ကျင့်သုံးနေတဲ့ တရားဥပဒေကို ယုံကြည်မှုမရှိတာကြောင့် ပဲခူးမြို့ကနေ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သူ ဒေါ်သဉ္ဇာမောင်မောင်ဟာ နေပြည်တော် ကောင်စီနယ်မြေအ၀င်မှာ တားဆီးခံခဲ့ရပါတယ်။

“ကျနော်တို့က ဥပဒေနဲ့ အညီဆောင်ရွက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆန္ဒရှိတဲ့ စီတန်းလမ်းလျှောက် တာကို ၄၈ နာရီအတွင်းတင်ရမယ်ဆိုတာကို ဥပဒေပုဒ်မ အခန်း ၄ မှာရှိတယ်။ အဲဒီတော့ သူက မနက် ၁၀ နာရီက တင်ထားတာ။ အဲဒီအတွက် ၄၈ နာရီစောင့်ပါလို့ ပြောတာလေးတင်ပါ။” လို့ လယ်ဝေးမြို့နယ်၊ ရဲမှူး ဦးစိုးမင်းသန်းက ပြောပါတယ်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဒေါ်သဉ္ဇာမောင်မောင်ဟာ ပဲခူးမြို့ တရားရုံးရှေ့ကနေ ဖေဖော်ဝါရီ ၆ ရက် မနက်က စတင် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်မှာ နေပြည်တော် ကောင်စီနယ်မြေ အစ (ပဲခူးမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ် - ရေနီမြို့ ရေတာရှည် မြို့နယ်) မှာ တားဆီးခံခဲ့ရတာပါ။

“ကျမ ၆ ရက်နေ့ကစလျှောက်တယ်။ တစ်မြို့နဲ့ တစ်မြို့ကိုတော့ ကားနဲ့ ကူးတယ်။ မြို့ထဲကိုတော့ ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်တယ်။ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ပေါ်ပေါက်ဖို့အတွက် ကျမလည်း ဥပဒေဘောင် ထဲကပဲ။ ဥပဒေကို ချိုးဖောက်နေတာဟာ ဥပဒေကို နားလည်တဲ့ သူ၊ ဥပဒေကို လုပ်ချင်တိုင်းလုပ်လို့ရတဲ့ သူတွေကသာ ဥပဒေကို ချိုးဖောက်နေကြတာပါ။ ကျမတို့ ပြည်သူတွေက ဥပဒေကို မချိုးဖောက်ပါဘူး။ ဥပဒေကို လေးစားတယ် လိုက်နာကြတယ်”လို့ ဒေါ်သဉ္ဇာမောင်မောင်က ပြောပါတယ်။

တရားစီရင်မှုဖြောင့်မတ် မှန်ကန်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူအားလုံးမှ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ပေါ်လာစေဖို့ ၀ိုင်းဝန်းစောင့်ကြည့် ထိန်းသိမ်းပေးရေးဆိုတဲ့ စာတမ်းပါတဲ့ ဗီနိုင်း ဆိုင်းဘုတ်နဲ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တာပါ။

အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013