
ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်ပေါင်း ၂၆၅ မြို့နယ်က ရပ်ကွက် ၂၂၃ ခုနဲ့ ကျေးရွာအုပ်စု ၃,၇၇၂ ခုမှာ ရွေးကောက်ပွဲ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်က ၁၃၁ မြို့နယ်သာရှိပြီး လုံးဝမကျင်းပနိုင်တဲ့ မြို့နယ်က ၆၅ မြို့နယ်၊ မြို့ပေါ်သာ ကွက်ပြီး ကျင်းပမယ့်မြို့နယ်က ၁၆ မြို့နယ်နဲ့ နေရာကွက်ကျားကျင်းပမယ့် မြို့နယ်က ၁၁၈ မြို့နယ်ရှိပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်ကို ကျင်းပနေပြီဖြစ်ပါတယ်။ အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာ ကျင်းပဖို့ စီစဉ်ထားပြီး ကျန်တဲ့ ၆၃ မြို့နယ်ကိုတော့ အပိုင်း ၃ အဖြစ် ဇန်နဝါရီ ၂၅ ရက်ထပ်မံကျင်းပသွားမယ်လို့လည်း ဆိုထားပါတယ်။











