
အိန္ဒိယ အဓိကအတိုက်အခံ ကွန်ဂရက်ပါတီဝင်တွေနဲ့ ထောက်ခံသူတွေက စာမေးပွဲမေးခွန်း ပေါက်ကြားမှုနဲ့ပတ်သက်ပြီး အာဏာရ ဘာရာတီယာ ဂျန်နာတာပါတီ (BJP) ကို ဆန့်ကျင် ဆန္ဒပြ ခဲ့ကြပါတယ်။
မွမ်ဘိုင်း၊ ပတ္တနာနဲ့ ဟိုက်ဒရာဘတ်မြို့တွေမှာ ဆန္ဒပြသူတွေက ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန် ရာထူးက နုတ်ထွက်ဖို့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထောက်ခံရင်း အစိုးရကို ဆန့်ကျင် တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက ကျောင်းသား ၂ သန်းလောက်ကို ထိခိုက်စေခဲ့တဲ့ ဆေးကျောင်းဝင်ခွင့်စာမေးပွဲ မေးခွန်း ပေါက်ကြားမှုကြောင့် ဆန္ဒပြပွဲတွေ စခဲ့တာပါ။
အခုအပတ်မှာတော့ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ ၂၀၁၄ ခုနှစ်မှာ အာဏာရလာပြီးတဲ့နောက်ပိုင်း အကြီးမားဆုံး လူငယ်စိန်ခေါ်မှုအဖြစ် ကြီးထွားလာပါတယ်။
နယူးဒေလီမြို့တော်က မိုဒီရဲ့ အိမ်အပြင်ဘက်မှာ အတိုက်အခံပါတီဝင်တွေက ဆန္ဒပြလို့ ရာဂျက်စ်သန်ပြည်နယ်ရဲ့ မြို့တော် ဂျိုင်ပူးမှာ BJP ပါတီဝင်တွေက အောက်လွှတ်တော်ကို တန်ပြန် ဆန္ဒပြခဲ့ကြပါတယ်။
ပိုးဟပ်ဂျန်ဒါပါတီ (CJP) လို့ သူတို့ကိုယ်သူတို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲတွေဟာ အွန်လိုင်း သရော်စာအဖြစ် စတင်ခဲ့ပြီး တည်ထောင်ချိန်မှာ လူငယ် ရာဂဏန်းအနည်းငယ်သာပါခဲ့ပေမဲ့ ခုတော့ အရှိန်အဟုန်နဲ့ လူကြိုက်များလာနေပါတယ်။
Source: Reuters











