
အမေရိကန်စစ်တပ်က အရှေ့ပစိဖိတ်သမုဒ္ဒရာထဲမှာ သံသယရှိ မူးယစ်ဆေးဝါးမှောင်ခို လှေတစင်းကို တိုက်ခိုက်ခဲ့လို့ လူတယောက် သေဆုံးပြီး အသက်ရှင်သူ ၂ ယောက် ကျန်တယ်လို့ မေလ ၂၆ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့အတွက် အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ဆီ ချက်ချင်းအကြောင်းကြားပြီး ရှာဖွေကယ်ဆယ်ရေးစနစ်ကို လုပ်ဆောင်ခိုင်းခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူးလို့ အမေရိကန်တောင်ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
ရိုက်တာသတင်းဌာနကတော့ ဗီဒီယို ရိုက်ကူးခဲ့တဲ့နေရာနဲ့ အချိန်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။ မေ ၂၆ ရက်မတိုင်ခင်က ရုပ်သံဖိုင်မျိုး အွန်လိုင်းပေါ်မှာ တင်ထားတာ မတွေ့ရပါဘူး။










