DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ရဲမေအယောင်ဆောင် ငွေကြေးတောင်းခံသူကို ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
January 19, 2017
မုံရွာတွင် ရဲမေအယောင်ဆောင် ငွေကြေးတောင်းခံသူကို ရဲတပ်ဖွဲ့ ဖမ်းဆီး
Donate to DVB

 

မုံရွာမြို့၊ မြဝတီရပ်ကွက်မှာ ရဲမေအယောင်ဆောင်ပြီး ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံနေတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ ဒုရဲအုပ် ကိုကိုအောင်က ပြောပါတယ်။

ရဲယူနီဖောင်းဝတ်ကာ ရဲမေအယောင်ဆောင်ပြီး ရပ်ကွက်တွင်းနေထိုင်သူ တဦးရှိတယ်ဆိုတဲ့ သတင်းအရ နယ်မြေရဲတပ်ဖွဲ့က သက်သေတွေနဲ့အတူ သွားရောက် ဖမ်းဆီးစစ်ဆေးရာ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ နယ်မြေ ၁ ရွှေတောင်ကြားလမ်းနေ အသက် ၂၇ နှစ်ရှိ မဇင်မာသင်းဆိုသူကို အိပ်ခန်းအတွင်းမှာ ရဲမေဝတ်စုံတစုံနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သွားရောက်ဖမ်းဆီးရာမှာပါဝင်တဲ့ ဒုရဲအုပ် ကိုကိုအောင်က ပြောပါတယ်။

"ကျနော်တို့စစ်ဆေးချက်အရ ဝတ်စုံကို အပြင်မှာ ချုပ်ဝတ်တာ။ သူက ရဲလုပ်ရတာ ဝါသနာပါတယ်။ ဘာလို့ ရဲထဲမဝင်လဲဆိုတော့ အိမ်ထောင်ကျပြီးသူတွေ ဝင်မရဘူးဆိုလို့တဲ့။ စိတ်ပိုင်းဆိုင်ရာ နည်းနည်းပြဿနာရှိပုံပဲ။ ရပ်ကွက်ထဲမှာ ခရိုင်ကပြောလိုက်၊ ဒနကပြောလိုက်၊ နေပြည်တော်ရဲဆိုပြီး ပြောလိုက်နဲ့ စီးပွားရေးသမားတွေဆီမှာ သင်တန်းသွားရမှာမို့၊ ဘာမို့၊ ညာမို့ဆိုပြီး ပိုက်ဆံတောင်းတယ်။ ဆိုင်ကယ်ငှားတယ်လုပ်နေတာ။ ၂ လလောက်ရှိပြီပြောတယ်။ အရင်က တရားခံဖမ်းဆီးတာတွေမှာ ရဲမေ မရှိလို့ သူ့ကိုခေါ်သုံးတယ်ဆိုတာကော ပြောတယ်။ ဘယ်သူခေါ်တာလဲ မေးတော့လည်း မသိဘူးတဲ့။ ရပ်ကွက်ထဲ သူပြောကိုယ်ပြောနဲ့ ဆက်စပ်ကြည့်တော့ မဟုတ်မှန်းသိလို့ ဖမ်းရတာ။"

ရဲမေအယောင်ဆောင်ပြီး ငွေကြေးတောင်းခံတာဟာ ရဲတပ်ဖွဲ့ဂုဏ်သက္ခာကျဆင်း စေတာကြောင့် ပြည်သူတွေအနေနဲ့ အခုလိုမျိုး တွေ့ရှိပါက ရဲစခန်းကို အကြောင်းကြားပေးဖို့ ဒုရဲအုပ် ကိုကိုအောင်က ဆိုပါတယ်။

“ကျနော်တို့ဆီမှာ ရဲမေသည် လက်ချိုးရေလို့ရတယ်ခင်ဗျ။ အခြားအဆင့် ရဲမေ ၃ ယောက်နဲ့ အလုပ်သင် ၂ ယောက်၊ ပေါင်း ၅ ယောက်ပဲရှိတယ်။  ဒါကို ရဲစခန်းလာပြီး ထောက်ခံစာ လာယူတာပဲဖစ်ဖြစ်၊ အမှုလာတိုင်တာပဲဖြစ်ဖြစ်၊ တရားရုံးကိစ္စလာတာဖြစ်ဖြစ် နေ့တဓူဝတွေ့နေ ရတာပဲ။ အဲဒီလူတွေမဟုတ်ဘဲနဲ့ ကျန်တဲ့ရဲအ၀တ်အစားနဲ့တွေ့ရင် ရဲစခန်းကို အချိန်မီအေ ကြာင်းကြားပေးဖို့ အဲဒါလေးမှာချင်ပါတယ်။”  

ရဲမေအယောင်ဆောင်သူ မဇင်မာသင်းကို ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းစေမှု၊ အယောင်ဆောင်မှုတွေနဲ့ မုံရွာနယ်မြေရဲစခန်းမှာ (ပ)၃၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်၁၇၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013