DVB Logo
Home
မြန်မာသတင်း
လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဘားအံတွင် ကျင်းပ
DVB
·
January 18, 2017
လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဘားအံတွင် ကျင်းပ
1 / 14
Donate to DVB

 

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ကရင်) ကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဇန်န၀ါရီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပနေပါတယ်။

ဘားအံမြို့ သီရိဘားအံဟိုတယ်မှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံးအနှံ့က ကရင်အမျိုးသား နိုင်ငံရေးပါတီ၊ လူမှုရေးအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေဆွေးနွေးမှုတွေမတိုင်ခင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊  မြေယာနဲ့ သဘာဝပတ်ဝန်ကျင်ဆိုင်ရာကဏ္ဍ စတဲ့ အဓိက ခေါင်းစဉ် ၄ ခုကို သီးခြားဆွေးနွေးခဲ့ကြပြီး ဒီတကြိမ်ဆွေးနွေးပွဲမှာတော့  အဆိုပါကဏ္ဍအားလုံးပါဝင် စုပေါင်းဆွေးနွေးကြမှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံ(ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ပြန်မစခင် တိုင်းနဲ့ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ကြတာဖြစ်ပေမယ့် လူမျိုးစုအပေါ် အခြေခံတဲ့ ဆွေးနွေးဟာ ကရင်ပြည်နယ်မှာပဲ ပထမဆုံးကျင်းပနိုင်တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ သဘောထားတွေကို ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြသွားဖို့ ရှိနေပါတယ်။

ဓာတ်ပုံ - ကျော်စိုး

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013