
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဒီနေ့မွန်းလွဲပိုင်းက သခင်မြပန်းခြံကနေ YBS အမှတ် ၅၆ စီးပြီး ရန်ကုန်မြို့တွင်း ခရီးသည်တင်ဘတ်စ်ကား စနစ်သစ်ကို ကွင်းဆင်း လေ့လာခဲ့ပါတယ်။
လက်ရှိပြေးဆွဲနေတဲ့ ယာဉ်ဟောင်းတွေကို အသစ်နဲ့လဲလှယ်တာတွေ တဖြည်းဖြည်းလုပ်မှာဖြစ်ပြီး ခရီးသွားပြည်သူတွေနဲ့ ယာဉ်လုပ်သားတွေကိုလည်း YBS စနစ် အောင်မြင်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်းကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းသွားပါတယ်။
ယာဉ်စီးခတွေ ပိုမိုတောင်းခံတာတွေအတွက် စာရင်းပြုစုခိုင်းထားပြီး ဒီနေ့ညနေပိုင်းမှာ ခရီးသည်တွေ အဆင်ပြေဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လမ်းကြောင်းရှင်းလင်းတာနဲ့ ရဲတပ်ဖွဲ့ယာဉ်တွေက ပို့ဆောင်ပေးတာတွေ လုပ်ဖို့ရှိတယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။










