DVB Logo
Home
Lead Story
မိုးကျရွှေကိုယ် မင်းမြှောင်မိစ္ဆာ မိတ္ထီလာဝင်းထိန် စာအုပ်နှင့်ပတ်သက်ပြီး ဦးဝင်းထိန် တုံ့ပြန် (ရုပ်သံ)
DVB
·
January 13, 2017
မိုးကျရွှေကိုယ် မင်းမြှောင်မိစ္ဆာ မိတ္ထီလာဝင်းထိန် စာအုပ်နှင့်ပတ်သက်ပြီး ဦးဝင်းထိန် တုံ့ပြန် (ရုပ်သံ)
Donate to DVB

“ပြည်သူ့နှလုံးသားထဲက မဟာ့မဟာသမ္မတမင်း ဒေါ်အောင်ဆန်းစုကြည် အနီးက မိုးကျရွှေကိုယ် မင်းမြှောင်မိစ္ဆာ မိတ္ထီလာ ၀င်းထိန်” စာအုပ်နဲ့ ပတ်သက်ပြီး ထိခိုက်စရာမရှိကြောင်း ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

အဲဒီစာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းမှာ စာရေးသူရွှေဖိုးခေါင်က မနေ့က ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဦးဝင်းထိန်က အခုလို ပြန်လည်တုံ့ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“သူ့ဟာသူ ဘာပြောပြော ဘာလုပ်လုပ် ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို ထိခိုက်စရာအကြောင်း မရှိဘူး။ အဲလူက နာမည်က ဦးအောင်ကြီးတဲ့ အသက်က ၇၀ ကျော်ပြီ၊ ဒီအသက်အရွယ်တောင်မှ ဣသမ​စ္ဆရိယျနဲ့ ရေးတယ်ဆို ဒီလူ အမြင်ကပ်ဖို့ထက်ကို သနားစရာကောင်းသွားပြီ။ သနားတောင် သနားစရာကောင်းသွားပြီ။ ဒါကြောင့် ဒီလူ ဒီလောက်အသက်ကြီးတာတောင်မှ ဣသမ​စ္ဆရိယျနဲ့ ဖတ်ကြည့်လိုက် ဘာတွေပါလည်း။ ဖတ်ရသေးဘူး။ သူများပြောတာပဲ သိသေးတာ။ သူ့ကို လူချင်းသိတယ်။ သူ့ကို ရိုင်းရိုင်းပြပြပြောလို့ ရေးတာတဲ့။ ကျွန်တော်ယဉ်ကျေးရမယ့်လူကို ယဉ်ကျေးတယ်။ ဆဲရမယ့် လူဆို ဆဲတယ်။ ဒါပဲ။ ရိုင်းရိုင်းပျပျပြာတယ်ဆိုတာ ရိုင်းရိုင်းပျပျ ပြောသင့်တဲ့ပုဂ္ဂိုလ်မို့ ပြောတာပေါ့။ ဥပဒေကြောင်းအရ လုပ်ရင် သူ့ကို တွန်းတင်သလိုဖြစ်မှာပေါ့။ အမှန်က ကိုယ့်အကြောင်းရေးရင် ကိုယ့်ကိုစာမူခတောင်ပေးရဦးမှာ။”

ဒါ့အပြင် ၀န်ကြီးဌာန ငါးခုက ၀န်ကြီး ငါးဦးအပြောင်းအလဲ ဖြစ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း မဟုတ်ဘူးလို့ ပြောပါတယ်။
အဲဒီစာအုပ်​ကို ရန်​ကုန်​ B. Media Wash (​ဝေဖန်​သည်​ ​ဝေဖန်​ခံသည်​) စာ​ပေတိုက်​မှ ထုတ်​​ဝေခြင်းဖြစ်​ပြီး စာအုပ်တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013