DVB Logo
Home
နိုင်ငံတကာ
လေထုညစ်ညမ်းမှု သတ်မှတ်စံနှုန်းထက် ကျော်လွန်နေသည့် ချင်းမိုင်မြို့မြင်ကွင်း 
DVB
·
March 31, 2026
လေထုညစ်ညမ်းမှု သတ်မှတ်စံနှုန်းထက် ကျော်လွန်နေသည့် ချင်းမိုင်မြို့မြင်ကွင်း 
1 / 7
Photo:DVB
Donate to DVB

လေထုအရည်အသွေး စစ်ဆေးထုတ်ပြန်တဲ့ IQAir ဝက်ဘ်ဆိုက်ရဲ့ မတ် ၃၁ ရက် ဖော်ပြချက်အရ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်မြို့ဟာ လေထုညစ်ညမ်းမှု US AQI ၂၃၉ ရှိနေပြီး ကမ္ဘာ့ပေါ်ရှိ မြို့ကြီး ၁၂ဝ မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အဆင့် ၁ အဖြစ် ရှိနေပါတယ်။

ချင်းမိုင်မြို့မှာ မြူခိုးနဲ့ ဖုန်မှုန့်ငယ်တွေဟာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေပြီး လေထုညစ်ညမ်းမှု အလွန်အမင်း ဆိုးရွားပြင်းထန်နေတဲ့အတွက် ပြည်သူတွေ ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနက ထုတ်ပြန် သတိပေးထားပါတယ်။

ပြင်ပကို မဖြစ်မနေ ထွက်ခွာရသူတွေ အနေနဲ့ PM 2.5 ကာကွယ်နိုင်တဲ့ N95 နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်အသုံးပြုဖို့ လိုအပ်ကြောင်း သတိပေးထားပြီး ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနဲ့ နာတာရှည်ရောဂါရှိသူများကို အထူးဂရုစိုက်ဖို့လည်း တိုက်တွန်း ထားပါတယ်။

ချောင်းဆိုးတာ၊ အသက်ရှူရခက်ခဲတာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မြန်တာနဲ့ မူးဝေတာစတဲ့ လက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ ထိုင်းအာဏာပိုင်တွေက အသိပေး ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013