DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း SBU လုံခြုံရေးဌာနချုပ်ကို ရုရှားဒရုန်း ထိမှန်၊ လက်တုံ့ပြန်မည်ဟု ဇလန်စကီး ကတိပြု
DVB
·
September 5, 2026
Photo:Reuters
Photo:Reuters
Donate to DVB

မော်စကိုဟာ ယူကရိန်းမြို့တော်ကို လေကြောင်းတိုက်ခိုက်မှုတွေကို ၁၀ ရက်မြောက် အဆက်မပြတ် လုပ်ဆောင်နေချိန်မှာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့မှာရှိတဲ့ ယူကရိန်း လုံခြုံရေး ဌာနချုပ် (SBU ) ပင်မအဆောက်အအုံ ထိမှန်သွားတယ်လို့ သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက စက်တင်ဘာ ၄ ရက်မှာ ပြောလိုက်ပြီး လက်တုံ့ပြန်သွားမယ်လို့  ကတိပြုခဲ့ပါတယ်။ 

စိန့်ဆိုဖီယာ ကက်သလစ်ဘုရားကျောင်းနဲ့ မျက်နှာချင်းဆိုင်၊ ဗိုလိုဒီမီယာစ်ကာ လမ်းမပေါ်မှာရှိတဲ့ SBU ပင်မအဆောက်အအုံကို ရုရှားဒရုန်း ထိမှန်ခဲ့တာဖြစ်ပြီး၊ ဒီဒရုန်းဟာ လုံခြုံရေးဌာန အကြီးအကဲ အိုလက်ဆန္ဒာပိုကလဒ်ရဲ့ ရုံးခန်းကို တိုက်ရိုက် ပစ်မှတ်ထားခဲ့တာလို့ သမ္မတ ဇလန်စကီး က ဆိုပါတယ်။

အခင်းဖြစ်နေရာမှာ အရေးပေါ်အဖွဲ့တွေ ကယ်ဆယ်ရေးလုပ်နေကြပြီး ထိခိုက်သူတွေကို အကူအညီ ပေးနေပါတယ်။ အဆင်သင့်ဖြစ်တာနဲ့ ရုရှားတွေကို ဒီအတိုင်း တူညီတဲ့ တုံ့ပြန်မှုမျိုး ပြန်ပေးဖို့ လုံခြုံရေးအကြီးအကဲကို ညွှန်ကြားထားသလို စစ်တပ်ကလည်း ကူညီသွားမယ်လို့ ဆိုပါတယ်။ 

ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ၄ နှစ်ခွဲကျော်ကာလအတွင်း ယူကရိန်းအစိုးရ အဆောက်အအုံတွေ တိုက်ခိုက် ခံရတာ နည်းပါးခဲ့ပြီး အခုလို SBU ဌာနချုပ် တိုက်ခိုက်ခံရတာဟာ စစ်ပွဲ ပိုမိုပြင်းထန်လာတဲ့ လက္ခဏာလို့ ရိုက်တာသတင်းက ဆိုပါတယ်။

SBU ဟာ ရုရှားရဲ့ စစ်ရေးနဲ့ စွမ်းအင်ပိုင်းတွေကို အဝေးထိန်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ ဌာနဖြစ်လို့ယူကရိန်းအတွက် အလွန်အရေးပါပါတယ်။ 

စက်တင်ဘာ ၃ ရက်မှာပဲ လမ်းပေါ်မှာ ကားမောင်းနေတဲ့ အရပ်သားတွေကို ဂျက်အင်ဂျင်တပ် ရုရှားဒရုန်းတွေ ထိမှန်လို့ ၂ ယောက် ဒဏ်ရာရခဲ့သလို၊ သောကြာနေ့ SBU တိုက်ခိုက်မှုမှာလည်း မြို့လယ်မှာ မီးခိုး မည်းမည်းလုံးတွေ တက်လာပြီး အနည်းဆုံး ၇ ယောက် ထပ်မံ ဒဏ်ရာရခဲ့ပါတယ်။ 

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အများကြီး သေဆုံးခဲ့ရသလို ကိယိဗ် မြို့တော်ရဲ့ ကုန်စည်ပို့ဆောင်ရေးနဲ့ နေ့စဉ်လူနေမှုဘဝတွေလည်း အကြီးအကျယ် ကမောက်ကမ ဖြစ်နေပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013