DVB Logo
Home
မြန်မာသတင်း
ပုသိမ် စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်းတပ်သား ၅ ဦး ထွက်ပြေး
DVB
·
July 22, 2026
Photo: KKL
Photo: KKL
Donate to DVB

အနောက်တောင်တိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ စစ်အခြေခံလေ့ကျင့်ရေး တပ်ကနေ စစ်မှုထမ်းတပ်သားသစ် ၅ ယောက် ထွက်ပြေးသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာ၊ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆) ကနေ ဇူလိုင် ၁၈ ရက်က စစ်မှုထမ်းတပ်သားသစ် ၃ယောက်နဲ့ ဇူလိုင် ၂၀ ရက်က စစ်မှုထမ်းတပ်သားသစ် ၂ ယောက် ထွက်ပြေးသွားတာလို့ သိရပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “အလုပ်ကြမ်းတွေ ခိုင်းထားတာ။ အလုပ်တွေ လုပ်နေတုန်း ထွက်ပြေးသွားကြတာ။ ပထမ ၃ ယောက် ထွက်ပြေးတော့ ဖုံးထားတယ်။ နောက် ၂ ယောက် ထပ်ပြေးတော့ ဖုံးမရဖြစ်တာ” လို့ ပြောပါတယ်။

ထွက်ပြေးတဲ့ စစ်မှုထမ်း တပ်သားတွေကို အသည်းအသန် လိုက်လံရှာဖွေနေပေမဲ့ ဇူလိုင် ၂၂ ရက်အထိ ပြန်လည်ဖမ်းမိခြင်း မရှိသေးဘဲ စစ်အာဏာရှင်ရဲ့ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆) မှာ ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ မိသားစုတွေကိုလည်း စစ်အာဏာရှင်တပ်က တွေ့ခွင့် လုံးဝပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

တပ်တွင်းအခြေအနေကို သိရှိတဲ့ သတင်းရင်းမြစ်တယောက်က “ရှေ့တန်းက ထွက်ပြေးတာ မဟုတ်ပါဘူး။ ရွှေမြင်တင်တပ်ကနေ ပြေးကုန်တာ။ ထပ်ပြေးရင် ပစ်သတ်မယ်။ ဗုံးတွေ ထောင်ထားတယ်လို့ တပ်သားတွေကို ခြိမ်းခြောက်ထားတယ်” လို့ ပြောပါတယ်။

လတ်တလောအနေနဲ့ ထွက်ပြေးတပ်သားသစ်တွေကို လိုက်လံရှာဖွေနေပြီး တပ်အတွင်း ကျန်နေတဲ့ စစ်မှုထမ်း တပ်သားတွေရဲ့ လက်ကိုင်လေးဖုန်းတွေလည်း သိမ်းယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ပုသိမ် ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် ၆ ကနေ ထွက်ပြေးသွားတဲ့ အသက် ၁၉ နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ်ကို စစ်အာဏာရှင်တပ်က စုံစမ်းစစ်ဆေးရှာဖွေပြီး ပြန်လည်ဖမ်းဆီးကာ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013