DVB Logo
Home
မြန်မာသတင်း
AA ရဲဌာန၌ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သည့် လူငယ် ၄ ဦးကို မိသားစု ထံ ပြန်အပ်
DVB
·
November 7, 2026
Photo: APM
Photo: APM
Donate to DVB

အာရက္ခတပ်တော် (AA) ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှာ တာဝန်ထမ်းဆောင်ဖို့ မိမိတို့ သဘောဆန္ဒအတိုင်း ရောက်ရှိလာတဲ့ အသက် ၁၈ နှစ်အောက် လူငယ် ၄ ယောက်ကို အသက်မပြည့်သေးတာကြောင့် မိသားစုထံ ပြန်အပ်နှံပေးခဲ့တယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

အဆိုပါ လူငယ် ၄ ယောက်ဟာ ရသေ့တောင်မြို့နယ်က မောင်စည်သူအောင် (၁၃ နှစ်)၊ မောင်ချစ်မြတ်ဇော် (၁၄ နှစ်)၊ မောင်မောင်ဝင်းစိုး (၁၅ နှစ်) နဲ့ မောင်ဟိန်းထက်ဇော် (၁၅ နှစ်) တို့ ဖြစ်ကြပါတယ်။

သူတို့ဟာ နိုဝင်ဘာ ၄ ရက်က DLEPS ဌာနမှာ တာဝန်ထမ်းဆောင်ဖို့ အာရက္ခတပ်တော်ထံ ရောက်ရှိ လာခဲ့ကြတာဖြစ်ပြီး အသက်မပြည့်သေးတာကြောင့် AA ဘက်က လက်ခံခဲ့ခြင်း မရှိဘူးလို့ AA နဲ့ နီးစပ်သည့် အမျိုးသားတယောက်က ပြောပါတယ်။

"တာဝန်ထမ်းဆောင်မယ်ဆိုရင် ၁၈ နှစ်နဲ့ အထက်ရှိသူတွေကိုပဲ ထမ်းဆောင်ခွင့်ပေးတာ ဖြစ်ပါတယ်။ သူတို့က အသက် မပြည့်သေးတာကြောင့် လက်မခံဘဲ မိဘတွေကို ခေါ်ယူပြီး ပြန်လည် ထည့်ပေးလိုက်တာပါ။ ဒီကလေးတွေကိုတော့ ချီးကျူးပါတယ်၊ လူတိုင်း မလုပ်ချင်တဲ့ အလုပ်ကို လုပ်ချင်စိတ် ရှိတာ ကြောင့်ပါ။” 

အဆိုပါ လူငယ် ၄ ယောက်ကို ULA/AA က နိုဝင်ဘာ ၅ ရက်မှာ မိသားစုတွေဆီ ပြန်လည် အပ်နှံ ပေးခဲ့တာ ဖြစ်ပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မြို့နယ်အလိုက် အသက်ပြည့်ပြီးသူတွေကို AA က စစ်မှုထမ်းဖို့ ခေါ်ယူနေတာတွေ ရှိနေပြီး၊ အများစုက တာဝန်ထမ်းဆောင်လိုစိတ် မရှိကြဘူးလို့ မြောက်ဦးမြို့နယ်မှ ရပ်မိရပ်ဖ တယောက်က ပြောပါတယ်။

"စစ်မှုထမ်းဖို့ ခေါ်ယူရင် မသွားချင်ကြတာ များပါတယ်။ အရင်ခေတ်တွေနဲ့ မတူပါဘူး။ အရင်ကဆိုရင် ခေါ်စရာ မလိုဘဲ AA ထဲကို ရွာမှာ ရှိသမျှ လူငယ်၊ လူလတ် အမျိုးသားတွေ ဝင်ရောက်တာ ဖြစ်ပါတယ်။”

AA က စစ်မှုထမ်း ခေါ်ယူရာမှာ ကျေးရွာလူကြီးနဲ့ တိုက်နယ်မှူး စသူတွေရဲ့ မျက်နှာလိုက်မှု၊ ဘက်လိုက်မှုတွေကြောင့် စစ်မှုထမ်းခေါ်ယူဖို့ ခက်ခဲနေချိန်မှာ အခုလူငယ် ၄ ယောက်ဟာ AA ရဲ့ ရဲဌာန (DLEPS) ကို အသက် မပြည့်သေးဘဲ ကိုယ်တိုင်ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်ကလည်း မိမိတို့ သဘောဆန္ဒအတိုင်း အာရက္ခတပ်တော် (AA) မှာ စစ်မှုထမ်းဖို့ ရောက်ရှိလာတဲ့ မြောက်ဦးမြို့နယ်မှ အသက် မပြည့်သေးတဲ့ လူငယ် ၂ ယောက်ကို ULA/AA က မိသားစုတွေဆီ ပြန်လည် အပ်နှံပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013