
အီရတ်လောင်စာဆီ စည်ပေါင်း ၂ သန်းလောက်ကို တင်လာတဲ့ ရေနံတင်သင်္ဘောတစင်းဟာ စက်တင်ဘာ ၉ ရက်က အီရတ်ရေပိုင်နက်မှာ ဒရုန်းတစင်းက တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ဆိပ်ကမ်းအရာရှိတွေက ပြောပါတယ်။
ဗြိတိန်ရေတပ်နဲ့ ဆက်စပ်နေတဲ့ UKMTO ကလည်း ပင်လယ်ကွေ့ဒေသထဲက ကုန်တင်သင်္ဘော အများအပြား ညလုံးပေါက် မီးလောင်တဲ့ဒဏ်ကို ခံခဲ့ရတယ်လို့ သတင်းပို့ခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက် မနက် ၆ နာရီလောက်မှာ အီရတ်ရေပိုင်နက်ထဲမှာ တိုက်ခိုက်ခံရပြီးတဲ့နောက် ပနားမားအလံ လွှင့်ထူထားတဲ့ ရေနံတင်သင်္ဘော နယူး အင်ဒရို့စ် မီးလောင်ခဲ့တယ်လို့ အီရတ် ဆိပ်ကမ်းအရာရှိနှစ်ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဗီဒီယိုမှာပါတဲ့ သင်္ဘောဟာ မှတ်တမ်းဓာတ်ပုံတွေနဲ့ ကိုက်ညီနေလို့ နယူးအန်ဒရို့စ်ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက အတည်ပြုခဲ့ပါတယ်။
သင်္ဘောခြေရာခံဒေတာတွေအရ သင်္ဘောဟာ စက်တင်ဘာ ၉ ရက်မှာ အီရတ် ကမ်းရိုးတန်းကနေ ၂၄ မိုင်လောက်အကွာ တည်နေရာကို မျှဝေခဲ့တာ ပြနေပါတယ်။
စက်တင်ဘာ ၉ ရက် မနက် ၆ နာရီလောက်မှာ ရေနံတင်သင်္ဘောကို ထိမှန်ခဲ့တယ်လို့ အီရတ် ဆိပ်ကမ်းအရာရှိနှစ်ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သင်္ဘောသား ၂၂ ယောက်မှာ ထိခိုက်ဒဏ်ရာရမှု အစီရင်ခံစာ မရှိဘူးလို့ အရာရှိတွေက ထပ်ပြော ပါတယ်။
မြောက်ပိုင်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့က သင်္ဘောတွေဟာ ညလုံးပေါက် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေအတွင်း ပစ်ခတ်ခံရလို့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ယူနိုက်တက်ကင်းဒမ်း ရေကြောင်းကုန်သွယ်ရေး လုပ်ငန်းအေဂျင်စီက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို အတည်မပြုနိုင်ဘူးလို့ ထပ်ပြောခဲ့ပါတယ်။
Source: Reuters











