DVB Logo
Home
နိုင်ငံတကာ
အီသီယိုးပီးယား ဦးခေါင်းချင်းဆက် အမြွှာပူးကို ၂၅ နာရီနီးပါး အောင်မြင်စွာ ခွဲထုတ်  
DVB
·
September 18, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ် စိန့်လူးဝစ်မြို့က ဆရာဝန်တွေဟာ ဦးခေါင်းချင်းဆက် မွေးဖွားလာ တဲ့ အသက် ၂ နှစ်အရွယ် အီသီယိုးပီးယား အမြွှာမိန်းကလေးတွေကို လပေါင်းများစွာ ကြာမြင့်တဲ့ ခွဲစိတ်မှု အဆင့်ဆင့်နဲ့ နောက်ဆုံး ၂၅ နာရီနီးပါး ကြာခဲ့တဲ့ ခွဲစိတ်မှုအပြီးမှာ အောင်မြင်စွာ ခွဲထုတ် ပေးနိုင်ခဲ့ပြီလို့ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ပါတယ်။

ဟီယဘ်နဲ့ ဝဟဘ်တို တို့ အမြွှာနှစ်ဦးဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး အပြီးသတ်ခွဲစိတ်မှု အပါအဝင် လပေါင်းအတန်ကြာအတွင်း အာရုံကြောနဲ့ ပလတ်စတစ်ပုံဖော် ခွဲစိတ်မှု အဓိကခွဲစိတ်မှုကြီး ၆ ကြိမ် ပြုလုပ်ခဲ့ရတယ်လို့ SSM Health ကာဒီနယ်လ် ဂလန်းနွန် ဆေးရုံမှ ကလေးအထူးကုဌာနမှူး ဒေါက်တာ အန်းဒရူးဝှိုက်က စက်တင်ဘာ ၁၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ခွဲစိတ်ပြီး လပေါင်းများစွာကြာမှ သတင်းထုတ်ပြန်ရတာကတော့ ကလေးတွေရဲ့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမှု အခြေအနေ သေချာအောင် စောင့်ဆိုင်းခဲ့ရတာကြောင့်လို့ ဆိုပါတယ်။  

ကလေးငယ်တွေဟာ ကလေးကျန်းမာရေး ကူညီရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ၂၀၂၅ ခုနှစ်မှာ အီသီယိုးပီးယား၊ မက္ကဲ အနီးကနေ အမေရိကန် စိန့်လူးဝစ်မြို့ကို ရောက်ရှိလာခဲ့တာပါ။

ဆရာဝန်တွေအတွက် အခက်ခဲဆုံးက ပူးတွဲပါလာတဲ့ သွေးပြန်ကြောကွန်ရက်ကြီးကို ခွဲထုတ်ရတာလို့ အာရုံကြော ခွဲစိတ်ဆရာဝန် ဒေါက်တာ ဂျိုအန်နာကန့်ပ် က ပြောပါတယ်။

"ကလေးနှစ်ဦးမှာ အဓိက ပူးတွဲပါတာက ဦးခေါင်းခွံ ပတ်လည်မှာ ရှုပ်ထွေးစွာ ယှက်နွှယ်နေတဲ့ သွေးပြန်ကြော ကွန်ရက်ကြီးဖြစ်ပြီး ဒါတွေကို ခွဲထုတ်ဖို့ သွေးပြန်ကြောတွေကို တယောက်တဝက် ခွဲဝေပေးခဲ့ရပါတယ်။" 

ကလေးတယောက်စီမှာ သီးခြား သွေးလှည့်ပတ်မှုစနစ်ရရှိအောင် အဆင့် ၄ ဆင့်နဲ့ ခွဲထုတ်ခဲ့ ရတယ်လို့လည်း ဆိုပါတယ်။

ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန် ဒေါက်တာ ကီဗင်ချန်း ကတော့ ကလေးတွေရဲ့ ဦးခေါင်းခွံ ပြန်လည်တည်ဆောက်ရတာ အခက်ခဲဆုံးဖြစ်ပြီး အစောပိုင်းခွဲစိတ်မှုတွေတုန်းက ဖယ်ထားတဲ့ အရိုးစတွေကို ပြန်အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ 

"အရိုးစပေါင်း များစွာကို အရုပ်ပဟေဠိ ဆက်သလို ဆက်ခဲ့ရတာပါ" လို့ ချန်းက ဆိုပါတယ်။

ကျန်းမာရေး ပြန်လည်ထူထောင်ရေးတွေ ဆက်လုပ်နေဆဲ ဖြစ်ပေမဲ့ ကလေးတွေရဲ့ တိုးတက်မှု အခြေအနေအပေါ် ဆရာဝန်တွေ ကျေနပ်ဝမ်းမြောက်နေကြတယ်လို့ ဒေါက်တာချန်းက ပြောပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013