DVB Logo
Home
မြန်မာသတင်း
၉ နှစ်အရွယ် ကျောင်းသူကို အဓမ္မပြုကျင့် သတ်ဖြတ်သည့် တရားခံများ ဖမ်းမိ
DVB
·
November 22, 2016
၉ နှစ်အရွယ် ကျောင်းသူကို အဓမ္မပြုကျင့် သတ်ဖြတ်သည့် တရားခံများ ဖမ်းမိ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ချောင်းဖျားကြီး ကျေးရွာမှာ ၉ နှစ်အရွယ် ပထမတန်းကျောင်းသူကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကို နိုဝင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ကော့သောင်းမြို့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ချောင်းဖျားကြီးကျေးရွာမှာနေတဲ့ ဦးအောင်ထွန်း (ခ) နောင်ဘိတ်ဟာ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီလောက်က ရွာထဲ ဗွီဒီယိုကြည့်ပြီးအပြန် သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် ပထမတန်းကျောင်းသူကို အိမ်မှာမတွေ့တဲ့အတွက် ဇနီးဖြစ်သူကို ရွာအတွင်း ရှာဖွေခိုင်းခဲ့ပါတယ်။

ရွာအတွင်းမှာလည်း မတွေ့တဲ့အတွက် လိုက်လံရှာဖွေကြရာ ရွာစွန်ရှိ နေအိမ်တအိမ်ရဲ့ အနောက်ဘက် ပေ ၁၀၀ လောက်အကွာ ၀ါးရုံတောအနီး ပိန္နဲပင်အောက်မှာ ရင်ဝ၊ ပါးစပ်၊ လည်ဂုတ်၊ ၀ဲဘက်လည်ပင်းတွေမှာ ထိုးသွင်းဒဏ်ရာ၊ ၀ဲနားရွက်အောက်ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ပါတယ်။

အခင်းဖြစ်ပွားမှုကို တာဝန်ရှိသူတွေ အပူတပြင်း စုံစမ်းဖော်ထုတ်ချက်အရ တရွာတည်းနေ အိမ်နီးချင်း မဝင်းဝင်းထွေး (၁၄) နှစ်ရဲ့ ထွက်ဆိုချက်အရ ချောင်းဖျားကြီးရွာသားတွေဖြစ်တဲ့ ဇင်မင်းထွေး (၂၈) နှစ်၊ သားကြီး (ခ) အောင်ကိုလတ် (၂၁) နှစ်၊ ငွေဝင်း (ခ) ဘီအီး (၄၄) နှစ်တို့ ၃ ဦးက မ၀င်းဝင်းထွေးရဲ့ အကူအညီနဲ့ အဆိုပါမိန်းကလေးကို အခင်းဖြစ်နေရာ ခေါ်ယူပေးခဲ့ တယ်လို့ သိရပါတယ်။

တရားခံ ဇင်မင်းထွေးနဲ့အတူ ပါလာသူတွေက သေဆုံးသူကို ပါးစပ်ပိတ် နားကပ်ဖြုတ်ရာ အော်တဲ့အတွက် မအော်နိုင်စေဖို့ ပါးစပ်အတွင်း တုတ်နဲ့ထိုးသွင်းခဲ့ပြီး မအော်နိုင်မှ ဇင်မင်းထွေးတို့ ၃ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာကို စစ်ဆေးပေါ်ပေါက်တဲ့အတွက် ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ၉ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ ဇင်မင်းထွေး၊ သားကြီး၊ မ၀င်းဝင်းထွေး၊ ဦးဘီအီးတို့ကို ကော့သောင်းရဲတပ်ဖွဲ့စခန်းမှ မမစ(ကသမ)(ပ)၁၄၉၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ဦးလတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013