ဒိုကူ၏ ခြေစွမ်းပြမှုနှင့်အတူ မန်စီးတီးချန်ပီယံ ပြေးလမ်းပေါ် ဆက်ရှိ
DVB
·
May 10, 2026
မန်ချက်စတာစီးတီးအသင်းဟာ ဘရန့်ဖို့ဒ်ကို (၃-၀) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တောင်ပံကစားသမား ဂျေရမီဒိုကူရဲ့ အဖွင့်ဂိုးနဲ့အတူ ချန်ပီယံဆု လမ်းကြောင်းပေါ် ဆက်ရှိနေပါတယ်။
အသက် ၂၃ နှစ်အရွယ် ဒိုကူဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၄ ဂိုးအထိ သွင်းယူကာ အကောင်းဆုံး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ မန်စီးတီးဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ်အကွာမှာ ရှိနေပြီး ချန်ပီယံဆုအတွက် ဒီနေ့ယှဉ်ပြိုင်မဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းပွဲစဉ်ကို စောင့်ကြည့်ရမှာပါ။
နည်းပြ ဂွါဒီယိုလာကလည်း ဝက်စ်ဟမ်းအသင်းကို အားပေးတဲ့စကားတွေနဲ့ စနောက်ပြောကြားခဲ့ပါတယ်။










