
အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအတွက် လွှတ်တော်နဲ့ လွှတ်တော်အမတ်နေရာ ၃ ပုံ ၁ ပုံကို သီးသန့်ထားမဲ့ ဥပဒေကြမ်းကို ပိတ်ဆို့မှုအတွက် အတိုက်အခံပါတီတွေကို ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဧပြီ ၁၈ ရက်မှာ အပြစ်တင်လိုက်ပါတယ်။
အမျိုးသမီးတွေရဲ့ တိုးတက်မှုကို နှောင့်နှေးစေတဲ့အတွက် အတိုက်အခံတွေမှာ တာဝန်ရှိတယ်လို့လည်း မိုဒီက ပြောပါတယ်။
ဧပြီ ၁၇ ရက်မှာ အောက်လွှတ်တော်မှာ လိုအပ်တဲ့ မဲအများစုဖြစ်တဲ့ ၃ ပုံ ၂ ပုံ မဲရလဒ်ကို မရခဲ့တဲ့နောက် မိုဒီက "နိုင်ငံရဲ့ မိခင်တွေနဲ့ ညီအစ်မတွေ အားလုံး" ကို ရုပ်မြင်သံကြား မိန့်ခွန်းကနေ တောင်းပန်ခဲ့ပါတယ်။
သူက ကွန်ဂရက်၊ DMK၊ ထရီနမူလ် ကွန်ဂရက်နဲ့ ဆမာဂျဝါဒီပါတီတို့ကို "ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေး" နဲ့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
အမျိုးသမီးဥပဒေပြုအမတ်တွေအတွက် ခွဲတမ်းကို ထောက်ခံပေမဲ့ မဲဆန္ဒနယ် နယ်နိမိတ်တွေကို အစုလိုက်အပြုံလိုက် ပြန်ရေးဆွဲတာနဲ့ အစီအစဉ်ကို ချိတ်ဆက်တာဟာ စနစ်ကို ခြယ်လှယ်ဖို့နဲ့ မဲပိုရဖို့ အစိုးရရဲ့ ကြိုးပမ်းချက် တရပ်ဖြစ်တယ်လို့ အတိုက်အခံအဖွဲ့တွေက ဝန်ကြီးချုပ်က ပြောပါတယ်။
၂၀၂၉ ခုနှစ်မှာ ကျင်းပမဲ့ နောက်တကြိမ် လွှတ်တော်ရွေးကောက်ပွဲမှာ ဒီဥပဒေကြမ်းက အောက်လွှတ်တော်အမတ်နေရာ ၈၅၀ ရှိလာအောင် ၅၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးမှာပါ။
လက်ရှိမှာ အောက်လွှတ်တော်အတွင်း အမျိုးသမီးအမတ် ၁၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ မိုဒီက ရှုံးနိမ့်မှုဟာ ကြိုးပမ်းချက်တွေကို အဆုံးသတ်သွားစေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး အနာဂတ်မှာ ဥပဒေပြုရေးကို ဆက်လုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
Source: Reuters










