
ရုရှားသမ္မတ ပူတင်ကို အရှုးတယောက်ပဲလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောကြားလိုက်ပြီး ပူတင်နဲ့ ဆွေးနွေးဖို့ ယူကရိန်းက အသင့်ပဲလို့လည်း ပြောပါတယ်။
ဒါပေမဲ့ ဥရောပနိုင်ငံတွေက အရှိန်မြှင့်ပေးရမှာဖြစ်တယ်လို့လည်း ဇလန်းစကီးက တိုက်တွန်းခဲ့ပါ သေးတယ်။
ဇလန်းစကီးက “ပူတင်က အရူး တယောက်လိုပဲ။ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို မီးလောင်တိုက် သွင်းချင်နေတာပါ။ ဒါပေမဲ့ ယူကရိန်းကတော့ ဆွေးနွေးဖို့ အသင့်ပါပဲ။ ကျနော်တို့ရပ်တည်မှု အားကောင်းအောင် ဥရောပက အရှိန်မြှင့်ပေးရမှာပါ။ ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်တဲ့နေရာမှာလည်း ဘယ်သူမှ မကျန်ရအောင် ပြုလုပ်ရမှာဖြစ်ပြီး ပိုင်ဆိုင်မှုတွေ သိမ်းယူတဲ့နေရာမှာလည်း ခြွင်းချက်မရှိ သိမ်းယူရမှာပါ။ ပြီးတော့ အဲ့တာတွေ ယူကရိန်းကို ထောက်ပံ့ပေးရမှာပါ”လို့ အသံဖိုင်နဲ့ ထုတ်ပြန်တဲ့ သမ္မတရုံးထုတ်ပြန်ချက်မှာ ပြောပါတယ်။
အမေရိကန်နဲ့ ဥရောပတို့ဟာ ရုရှားကို ဖိအားတွေ ပိုပြီးပေးဖို့ လိုတယ်လို့ ဇလန်းစကီးက ထပ်မံ ပြောကြားထားပါတယ်။
ပူတင်စစ်ပွဲအဆုံးသတ်တဲ့အထိ စီးပွားရေး၊ စွမ်းအင်နဲ့ ကာကွယ်ရေး ကဏ္ဍအလိုက် ဖိအားပေးမှုတွေ မြင့်တင်ဖို့ ဇလန်းစကီးက ပြောခဲ့တာပါ။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ကျူးကျော်စစ်စတင်ဆင်နွှဲခဲ့ပြီး စစ်ပွဲကာလ ၄ နှစ်ကျော်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Source:Reuters










