DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်အဝါရောင်သတ်မှတ်၊ မြန်မာဘက်ဦးတည်မည့်အခြေအနေမရှိဟု မိုးဇလထုတ်ပြန်
DVB
·
November 3, 2016
မုန်တိုင်းငယ်အဝါရောင်သတ်မှတ်၊ မြန်မာဘက်ဦးတည်မည့်အခြေအနေမရှိဟု မိုးဇလထုတ်ပြန်
Donate to DVB

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်း ငယ်အဖြစ်သို့ အားကောင်းလာခဲ့ပြီး လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိဘူးလို့ မိုးဇလဌာနကခန့်မှန်းပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၃၀)နာရီ အချိန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  မုန်တိုင်းငယ် သတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ယနေ့မြန်မာစံတော်ချိန် (၁၃း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင်(၃၁၀)ခန့်၊ ပါရာဒစ်မြို့ရဲ့ တောင်ဘက်မိုင် (၄၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ ကနဦးမှာ အနောက်မြောက်ဘက်ကို ရွေ့လျားပြီး၊ အရှေ့မြောက် ဘက်သို့ ပြန်ကွေ့ကာ နောက် (၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေအနီး သို့ ရောက်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပြီး (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမယ်လို့ဆိုပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့  ကမ်းလွန် ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်လှိုင်းကြီး နိုင်တဲ့အတွက် မြန်မာ့ကမ်းရိုးတန်း တလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ် သင်္ဘောတွေ  ကြိုတင်သတိပြုဖို့ မိုးဇလကဌာနက  အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013