DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားတဦးကို သေနတ်ဖြင့်ချိန်ပြီး ဇနီးဖြစ်သူကို အဓမ္မကျင့်မှုဖြစ်ပွား
DVB
·
November 1, 2016
မြန်မာအလုပ်သမားတဦးကို သေနတ်ဖြင့်ချိန်ပြီး ဇနီးဖြစ်သူကို အဓမ္မကျင့်မှုဖြစ်ပွား
Donate to DVB

 

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်ထဲမှာ  မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတဦးကို အမည်မသိလူ ၂ ဦးက သေနတ်နဲ့ ချိန်ရွယ်ပြီး ဇနီးဖြစ်သူကို  အဓမ္မကျင့်ကြံမှု ဖြစ်ပွားခဲ့ပါတယ်။

ဟတ်ယိုင်မြို့နယ် ရာဘာခြံတစ်ခုတွင်း အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ညက အိမ်ခန်းတွင်း ရှိနေစဉ် အမည်မသိ လူ ၂ ဦး ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူကို ရိုက်နှက်၊ သေနတ်နဲ့ ချိန်ရွယ်ကာ ဇနီးဖြစ်သူကို အဓမ္မပြု ကျင့်ခဲ့တာလို့ ထိုင်းတောင်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“ဖြစ်တာက ၂၇ ရက်နေ့ညကပေါ့နော်၊ သူတို့က ကျနော်တို့နဲ့ ၂၉ ရက်နေ့မှ အဆက်အသွယ်ရတယ်။ အဲဒီလို မတရားကျင့်ခံရကြောင်း တိုင်ကြားလာတယ်။ ကျနော်တို့အဖွဲ့ကလည်း  အဲဒီနေ့မှာပဲ ဆေးရုံကို လိုက်ပို့ပေးပြီး ဆေးစစ်ထားတယ်။ ဟတ်ယိုင်ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ပေးခဲ့ပါတယ်။ ထိုင်းမြန်မာ သံရုံးကိုလည်း အကြောင်းကြားထားတယ်။ အခုထိတော့ ရဲစခန်းက ဘာမှပြောမလာသေးဘူး။ ဆေးရုံက ဆေးစစ်ချက်လည်း မရသေးဘူး။”

အဆိုပါ ဇနီးမောင်နှံဟာ မွန်ပြည်နယ်ဘက်ကနေ အလုပ်လာလုပ်တာဖြစ်ကြောင်း၊ သားသမီး ၃ ဦးရှိပြီး မြန်မာပြည်တွင်ကျန်ခဲ့ကြောင်း၊ သူတို့ကို လာရောက် ရိုက်နှက်အဓမ္မပြု အနိုင်ကျင့်သွားသူ ၂ ဦးမှာ ယခင်က တခါမှ သိကျွမ်းဖူးသူမဟုတ်ဘဲ ထိုင်းစကားကိုသာ ပြောဆိုသွားတယ်လို့  ဆိုပါတယ်။

အနိုင်ကျင့်ခံရတဲ့ ကာယကံရှင် အလုပ်သမားနဲ့တော့ ဒီဗွီဘီက တိုက်ရိုက်ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။

အခုလို မတရားသဖြင့် အနိုင်ကျင့် စော်ကားခံရတဲ့ မြန်မာအလုပ်သမား ၂ ဦးအတွက် တရားမျှတမှုရရှိဖို့ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငါးခရိုင်အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013