DVB Logo
Home
Lead Story
နိုင်ငံတော်သစ် တည်ဆောက်မည့် စစ်အာဏာရှင်၏ ပြောဆိုချက် လက်တွေ့နှင့်ကင်းကွာနေ
DVB
·
August 2, 2026
Photo: Head of state
Photo: Head of state
Donate to DVB

နိုင်ငံတော်သစ်ကို အရှိန်အဟုန်နဲ့ တည်ဆောက်မယ်ဆိုပြီး စစ်အာဏာရှင်က ပြောဆိုခဲ့တဲ့ စကားဟာ လက်တွေ့ မြေပြင်ပကတိအခြေအနေတွေနဲ့တော့ ဝေးကွာနေတယ်လို့ ပြည်သူအချို့က ပြောပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဇူလိုင်လ ၃၁ ရက်က သူအစိုးရအဖွဲ့ ရက် ၁၀၀ စီမံကိန်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင် ဩဇာခံ လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီလိုပြောရာမှာ မင်းအောင်လှိုင်က အစိုးရတာဝန်ယူခဲ့တဲ့ ရက် ၁၀၀ အတွင်းမှာ နိုင်ငံ့အနာဂတ်အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေ ချမှတ်နိုင်ခဲ့သလို တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို လက်ကိုင်ထားပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို မလွဲမသွေ တည်ဆောက်သွားမှာဖြစ်ပြီး နိုင်ငံတော်သစ် တည်ဆောက်ရာမှာ အရှိန်ရအောင် ၂ နှစ် အချိန်ယူပြီး အရှိန်အဟုန်နဲ့ တည်ဆောက်မှုကို ၃ နှစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒီပြောကြားချက်နဲ့ပတ်သက်ပြီး ပြည်သူအများစုကတော့ လက်ခံနိုင်ခြင်းမရှိဘဲ လူမှုကွန်ရက်တွေပေါ်  ဝေဖန်နေကြတာပါ။

ရန်ကုန်က ပြည်သူတယောက်က “ပေါက်တတ်ကရတွေ ပြောသွားတာ၊ အဲလို လေကြီးကြီးနဲ့ ပေါက်တတ်ကရ ပြောတာတော့ လူတိုင်း ပြောတတ်တာပေါ့။ မအလ လဲပါးစပ်ထဲ တွေ့တာ အကုန်လွှတ်သွားတာ။ သူ့ပုံပြင်ထဲက ထွက်ကြည့်ဖူးရဲ့လား၊ ဆီဈေး ကြက်သွန်ဈေး၊ စစ်မှုထမ်းလစဉ်ကြေး၊ လုပ်ငန်းတွေ ရပ်။  မသိချင်ယောင်ဆောင်ပြီး လိမ်နေတာ” လို့  ပြောပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံကိန်းနဲ့ပတ်သက်ပြီး  ပြောကြားတဲ့ နေ့မှာပဲ စက်သုံးဆီတွေ ၁ လီတာကို ကျပ် ၃၀၀ ဝန်းကျင်လောက် ပြန်လည်တက်လာခဲ့ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကလည်း ဆက်လက်တက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013