
မကြာသေးခင်ကမှ ငလျင်ဒဏ်ခံရလို့ စေတီဘုရားတွေ ပြိုကျပျက်စီးခဲ့တဲ့ ပုဂံဒေသမှာ ခုရက်ပိုင်းတွေအတွင်း မကြာခဏမိုးရွာသွန်းမှုကြောင့် ရှေးဟောင်းအမွေအနှစ်တွေ ထပ်မံထိခိုက်ပျက်စီးမှုရှိနေပါတယ်။
အောက်တိုဘာ ၂၅ ရက်မနက် ၁၀ နာရီကျော်လောက်က ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာ လေးမျက်နှာဘုရားအနားမှာရှိတဲ့ ၁၃ရာစု ရှေးဟောင်းလက်ရာ တပ်အို အုတ်ကျောင်းပြိုကျခဲ့ တယ်လို့ ဒေသခံဦးရဲမြင့်ကပြောပါတယ်။
မြန်မာပြည်အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံဒေသက ရှေးဟောင်းအမွေအနှစ် ဂူဘုရား၂၅၈ ဆူ၊ စေတီ ၁ဝ၄ ဆူ၊ အုတ်ကျောင်း၁၃ကျောင်းနဲ့ အခြား ၁၄ ဆူ စုစုပေါင်း ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။
သတင်း - မျိုးဆက်စံ










