DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
တောင်ကိုရီးယားကို အနိုင်ရပြီး အိမ်ရှင် မက္ကဆီကိုအသင်း နောက်တဆင့်တက်
DVB
·
June 19, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလာဟာရာမြို့မှာ ဒီနေ့မနက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု A ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းက တောင်ကိုရီးယားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

ဒီနိုင်ပွဲကြောင့် မက္ကဆီကိုဟာ ၃၂ သင်းအဆင့်ကို ပထမဆုံး တက်ရောက်နိုင်တဲ့နိုင်ငံ ဖြစ်လာပါတယ်။

ဒီပွဲရဲ့ တလုံးတည်းသော အနိုင်ဂိုးကို တောင်ကိုရီးယား ဂိုးသမား ကင်ဆန်းဂယူရဲ့ အမှားကနေတဆင့် မက္ကဆီကို ကစားသမား လူးဝစ်ရိုမိုက သွင်းယူပေးခဲ့တာပါ။

ပွဲပြီးခါနီးမှာ တောင်ကိုရီးယားအသင်းက ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ မက္ကဆီကိုဂိုးသမား ရာအူးလ်ရန်ဂျယ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

အုပ်စုဗိုလ်နေရာရဖို့ သေချာသလောက်ရှိနေတဲ့ မက္ကဆီကိုအသင်းဟာ နောက်ပွဲစဉ်အဖြစ် ချက်သမ္မတနိုင်ငံနဲ့ ကစားရမှာဖြစ်ပြီး တောင်ကိုရီးယားကတော့ နောက်တဆင့်တက်ဖို့ တောင်အာဖရိကအသင်းကို မဖြစ်မနေ အနိုင်ကစားရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013