DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကမ်းဘေး ခွေးစားခံထားရသည့် မွေးကင်းစအလောင်းတွေ့ရှိ
DVB
·
October 14, 2016
ချင်းတွင်းမြစ်ကမ်းဘေး ခွေးစားခံထားရသည့် မွေးကင်းစအလောင်းတွေ့ရှိ
Donate to DVB

 

မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေးမှာ ခွေးစားခံထားရတဲ့ မွေးကင်းစအလောင်း အောက်တိုဘာ ၁၃ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ အမှတ် ၁ ရေဆိုးထုတ်စက်ရုံအနီး၊ ချင်းတွင်းမြစ်ကမ်းဘေးမှာ ဦးခေါင်း၊ လက် ၂ ဖက်နဲ့ ပေါင်တခြမ်း မရှိတော့တဲ့ မွေးကင်းစ ကလေးငယ်အလောင်းတလောင်းကို တွေ့ရှိခဲ့တာပါ။

"ကလေးတွေကတွေ့လို့ လာပြောလို့ လိုက်ကြည့်တာ၊ ကလေးငယ်အလောင်းက မွေးကင်းစ မိန်းကလေး။ ခေါင်းတွေ၊ ခြေထောက်တွေ၊ လက်တွေက ခွေးစားထားတာ တွေ့ရတယ်" လို့ အေးသာယာရပ်ကွက် လူမှုကူညီရေးအသင်းမှ ကိုသော်တာက ဒီဗွီဘီကိုပြောပါတယ်။

ခွေးစားခံရလို့ သေဆုံးတဲ့ကလေးငယ်နဲ့ ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်းက သွားရောက်စစ်ဆေးခဲ့ပြီး စွန့်ပစ်သူကို စုံစမ်းနေတယ်လို့  မြို့မရဲစခန်းက ရဲမှူး သိန်းဆွေမြင့်က ပြောပါတယ်။

မွေးကင်းစကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး မြို့မရဲစခန်းမှ (ပ) ၁၄၇၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၁၈ အရ မွေးဖွားတာကို ထိန်ချန်ပြီး မွေးကင်းစကလေးငယ်ကို စွန့်ပစ်မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013