
ပြည်ပရောက် ဗင်နီဇွဲလားနိုင်ငံသားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်လုပ်ငန်းစဉ် စတင်ပြီ ဖြစ်ကြောင်း ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟဲ ရိုဒရီဂတ်ဇ်က မတ် ၁၇ ရက်မှာ ပြောကြားလိုက်ပြီး အခုလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေနဲ့ အကျုံးဝင်တယ်လို့ ယူဆရသူတွေအနေနဲ့ အခုပဲ လာရောက်လျှောက်ထားနိုင်ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ကော်မရှင်ရဲ့နောက်ဆက်တွဲ အစီအစဉ်တွေမှာ ပါဝင်ချင်သူတွေအနေနဲ့ ကော်မရှင်ကို တိုက်ရိုက်စာရေးတာဖြစ်စေ ဒါမှမဟုတ် သူတို့ရဲ့ ရှေ့နေတွေကတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး ဒါမှသာ ကော်မရှင်အနေနဲ့ သူတို့ရဲ့အမှုတွေကို အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးသွားနိုင်မယ်လို့ ဆိုပါတယ်။
စပိန်နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း ဟိုဆေးလူဝီရိုဒရီဂတ်ဇ်ဇာပါတယ်ရိုကလည်း ဒီလွတ်ငြိမ်းခွင့် ပေးမဲ့ လုပ်ငန်းစဉ်ကို ထောက်ခံတဲ့အနေနဲ့ မတ် ၁၇ ရက်မှာ ဗင်နီဇွဲလားရဲ့မြို့တော် ကာရာကတ်စ် ကို သွားရောက်ခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟဲရိုဒရီဂတ်ဇ်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
ဇာပါတယ်ရိုဟာ အင်္ဂါနေ့မှာ ဗင်နီဇွဲလားနိုင်ငံတွင်း မြှင့်တင်ထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ငန်းစဉ်ကို လိုက်ပါကူညီ ပံ့ပိုးခဲ့ပါတယ်။
ဇာပါတယ်ရိုက ဗင်နီဇွဲလားပြည်သူအများစုဟာ ဒီလွတ်ငြိမ်းချမ်းသာခွင့်၊ အတူယှဉ်တွဲ နေထိုင်ရေးနဲ့ စီးပွားရေးတိုးတက်မှုကိုပဲ လိုလားနေကြတယ်လို့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောပါတယ်။
ဒါ့အပြင် တည်ငြိမ်တဲ့ ဗင်နီဇွဲလားနိုင်ငံကို မြင်ချင်တယ်ဆိုရင် အမေရိကန်ပြည်ထောင်စု အပါအဝင် ဗင်နီဇွဲလားအပေါ် သြဇာသက်ရောက်မှုရှိတဲ့ နိုင်ငံတွေအနေနဲ့လည်း ဗင်နီဇွဲလားရဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ အဲဒီလိုကူညီပေးရင် ဗင်နီဇွဲလားဟာ အမေရိကန်ရဲ့ သစ္စာရှိတဲ့ မိတ်ဆွေ အမြဲတမ်းဖြစ်နေမှာပါလို့လည်း ပြောပါတယ်။
ဇာပါတယ်ရိုဟာ ဗင်နီဇွဲလားနိုင်ငံအတွင်း ဖော်ဆောင်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ငန်းစဉ်ကို ဝန်းရံကူညီဖို့ အင်္ဂါနေ့က ကရာကာ့စ်ကို သွားရောက်ခဲ့တာပါ။
ဒီလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို ဖေဖော်ဝါရီလက လွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပြီး နိုင်ငံရေး တင်းမာမှုတွေ လျှော့ချဖို့နဲ့ အများပြည်သူ့ဘဝထဲ ပြန်လည်ဝင်ရောက်လိုတဲ့ နိုင်ငံသား တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ကူညီပေးဖို့ ရည်ရွယ်တာလို့ ဆိုထားပါတယ်။
Source:Reuters










