DVB Logo
Home
မြန်မာသတင်း
ဆီးရီးယားစစ်ပွဲတွင်း မိန်းခလေးငယ်သေဆုံးမှု နောက်ကွယ်က ကြေကွဲစရာဖြစ်ရပ်
DVB
·
October 8, 2016
ဆီးရီးယားစစ်ပွဲတွင်း မိန်းခလေးငယ်သေဆုံးမှု နောက်ကွယ်က ကြေကွဲစရာဖြစ်ရပ်
Donate to DVB

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ အသက် ၄ နှစ်အရွယ် အီမန်ဆိုတဲ့မိန်းခလေးဟာ အရှေ့ပိုင်း အလက်ပိုမြို့က သူပုန်တွေ ထိန်းချုပ်ထားတဲ့နယ်မြေမှာ ရေခပ်ဖို့ အပြင်ထွက်ခဲ့ပါတယ်။

သူမဖြတ်တဲ့ နေရာမှာ ငွေရောင်ဘောလုံးလို့ထင်ပြီး ဗုံးပဒေသာက ဗုံးဆန်တခုကို ကောက်ကိုင်ရာကနေ ဗုံးဆန်ပေါက်ကွဲပြီး အသက်ဆုံးခဲ့ရတာပါလို့ သူမရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့မှာတော့ သူမဟာ ဆေးရုံပေါ်မှာ အသက်လုနေရပြီး သူမမျက်နှာမှာလည်း သွေးတွေနဲ့ ယောင်ယမ်းနေပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှာတော့ သူမ သေဆုံးခဲ့ရပါတယ်။
အခြားအမည်နဲ့ အသက်မသိတဲ့ မိန်းခလေးငယ်တဦးလည်း အဲဒီဆေးရုံပေါ်မှာပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံနေရပါတယ်။

ရုရှားလေကြောင်းအထောက်အကူရတဲ့ အာဏာရှင်အစိုးရဟာ ဒီရက်ပိုင်းတွေအတွင်း အလက်ပိုမြို့မှာ လေကြောင်းကနေ ပိုမိုတိုက်ခိုက်နေပြီး ဆေးရုံတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေပုံပေါ်ပါတယ်။

အဲဒီဒေသမှာ ခုတော့ ဆေးရုံ ၅ ရုံပဲ ကျန်နေရစ်ပြီး ဒီဆေးရုံတွေကလည်း လူနာတွေနဲ့ပုံပြီး အင်မတန်အလုပ်များလျက်လည်းရှိနေတာပါ။
ဆေးရုံတရုံက ဆရာဝန်တဦးကတော့ စစ်ရဲ့စည်းမျဉ်းတွေကို အလွန်မနှစ်မြိုပဲ ဒီဗုံးဆန်တွေက အပြစ်မဲ့တဲ့ ကလေးတွေကိုတင် ထိမှန်တာမဟုတ်ဘူး။

အဲဒါကြောင့်ပဲ နေမကောင်းဖြစ်တဲ့ ဒဏ်ရာရနေတဲ့သူတွေကို ကုသပေးနေတဲ့ နေရာတွေကိုပါမချန် ဒီဗုံးဆန်တွေက လာထိမှန်နေတာလေလို့ ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ကတော့ ပစ်ခတ်မှုကြောင့် အလက်ပိုအရှေ့ပိုင်းဒေသမှာ M10 ဆေးရုံ ပျက်စီးခဲ့လို့ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး လူအတော်များများလည်း ပြိုကျတဲ့ ကျောက်တုံးတွေအောက်မှာ ပိတ်မိနေတယ်လို့ အလက်ပိုသတင်းဌာနက အတိုက်အခံတက်ကြွလှုပ်ရှားသူတွေက ပြောလိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013